ထိုင်း-မြန်မာနယ်စပ် တာချီလတ်ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်လိုက်
============================
၂၆..၁၂..၁၅
-
ရှမ်းပြည်နယ်တောင်းပိုင်း တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်တံတားအမှတ်(၁)ကို ဆန္ဒပြမှုတွေကြောင့် ထိုင်နိုင်ငံဘက်က ဒီဇင်ဘာ ၂၆ရက် နံနက်က စတင် ပိတ်လိုက်ပြီဖြစ်သည်။
-
ထိုင်းနိုင်ငံ လိပ်ကျွန်း၌ ဗြိတိန်စုံတွဲနှစ်ဦး အသတ်ခံရမှုတွင် မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ဒီဇင်ဘာ ၂၄ရက်က သေဒဏ်ချမှတ်ခဲ့သည်။
-
ယင်းအမိန့်ချမှုကို မကျေနပ်သည့် တာချီလိတ်ဒေသခံများက တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ဒီဇင်ဘာ ၂၆ရက် နံနက်က စုစည်း ဆန္ဒပြခဲ့ပြီး တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ် စပ်တံတားအမှတ်(၁) အထိ သွားရောက် ဆန္ဒပြခဲ့သည်။ ယင်းသို့ ဆန္ဒပြချိန်တွင် နယ်စပ်တံတားကို ထိုင်းဘက်ခြမ်းမှ ပိတ်လိုက်ခြင်း ဖြစ်ကြောင်း တာချီလိတ်မြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
========
Mizzima - News
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, December 26, 2015
ထိုင်း-မြန်မာနယ်စပ် တာချီလတ်ဂိတ်ကို ထိုင်းဘက်က ယာယီပိတ်လိုက် ============================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment