ရခိုင်ပြည်နယ် ပေါက်တောတွင် လယ်သမား ၂ ဦးအား ဘင်္ဂလီများမှ
အကြမ်းဖက်တိုက်ခိုက်ပြီး နွားများပါ ယူဆောင်သွား
ရခိုင်ပြည်နယ်ပေါက်တောမြို့နယ် ပြားသူကြွယ်ကျေးရွာမှ လယ်သမား ၂ ဦးအားဘင်္ဂလီ အယောက် ၂၀ ခန့်က လာရောက်တိုက်ခိုက်ပြီး နွားများကို
ယူဆောင်သွားကြောင်း တိုက်ခိုက်ခံရသည့် လယ်သမားများက ပြောသည်။
၎င်း ဘဂ်လီများ၏ တိုက်ခိုက်မှုကို ခံရသော လယ်နီးနားချင်း
လယ်သမား ၂ ဦးမှာ လက်ရှိအချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင်
ဓါးဒဏ်ရာများ ဖြင့် အတွင်းလူနားများ အဖြစ် ဆေးကုသမှုကို ခံယူနေရကြောင်းသိရသည်။
ဒီဇင်ဘာလ ၃ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် လယ်တဲတွင်
စပါးများကို ညအိမ်စောင့်နေသော လယ်သမား ဦးကျော်မြ ( ၅၆ ) နှစ် နှင့်
၎င်းလယ်တဲအနီး လယ်တဲတစ်ခုမှ လယ်သမား တစ်ဦး ဖြစ်သူ ဦးဆန်းလင်းခိုင် ( ၃၂) တို့သည် မိမိစပါးပုံများကို စောင့်ကြပ်ပြီး လယ်တဲ၌ အိမ်နေစဉ်ဘင်္ဂလီအုပ်စုသည် လယ်သမား ၂ ဦးအား အုပ်စုခွဲကာ အသီးသီး ၀ိုင်းထားကြပြီးကြိုးဖြင့်ချည်နှောင်ရန် ကြိုးစားစဉ် အဆိုပါ လယ်သမားများက ပြန်လည်ခုခံခဲ့ရာ လယ်သမား ၂ ဦးမှာ ဓါးဒဏ်ရာများ ဖြင့် ကျေး၇ွာအတွင်းသို့ထွက်ပြေးလာခဲ့ကြကြောင်း လယ်သမားများက ဆိုသည်။
လယ်သမား တစ်ဦးဖြစ်သူ ဦးဆန်းလင်းခိုင်က “ ကျွန်တော် အိမ်နေတောပထမ ကျန်တော့ လယ်တဲ့ကို ဘင်္ဂလီ ၃ ယောက် လာပြီးဝိုင်းတယ်။
ဟေ့…မထနဲ့ဆိုပြီး နောက်ကြိုးချည်ဖို့ လုပ်တော့ ကျန်တော် ကြိုးချည်မခံတော့
သူတို့ ဓါးနဲ့ လိုက်ခုတ်တယ်။ လှံနဲ့ ထိုးတယ် ။ ကျန်တော့လည်း ပြန်ခုခံရင်း
ထွက်ပြေးတယ်။ အဲလို ဖြစ်နေတဲ့ အချိန်မှာ စက်လှေမှာ ရှိနေတဲ့ ဘဂ်လီတွေ
လာကြတာ အယောက် ၂၀ လောက် ဖြစ်သွာတယ် ။ ခုခံ၊ ထွက်ပြေးရင်း ခုလိုမျိုးဒဏ်ရာ ရရှိသွားတာ ” ဟုပြောသည်။
အလားတူ လယ်သမား ဦးကျော်မြအားလည်း ဘင်္ဂလီများတိုက်ခိုက်သည့် အတွက်ဦးအောင်မြမှာလည်း ဓါးဒဏ်ရာများ အသီးသီး ရရှိခဲ့ကြကြောင်း ပြောပြသည်။
ယင်းတို့ လာရောက် တိုက်ခိုက်သော ဘဂ်လီများသည် ဦးဆန်းလင်းခိုင်၏
ခိုင်းနွား ၆ ကောင်အားလည်း ယူသွားသွားခဲ့ကြကြောင်း သိရသည်။
ယင်းသို့လယ်သမားများ စပါးရိတ်သိမ်းချိန်တွင် ဘင်္ဂလီများ၏ အကြမ်းဖက်မှုကိုခံနေရသည့် အတွက် လယ်သမားများ အနေဖြင့် ဆက်လက် စပါးရိတ်သိမ်းရန်ဘဂ်လီမျာ၏ ရန်ကို စိုးရိမ်နေရကြောင်း လယ်သမားများက ရင်ဖွင့်ပြောကြားသည်။
မြတ်ထွန်းဇံ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
No comments:
Post a Comment