ကျောင်းဆရာမတွေဘာလို့အပျိုကြီးဖြစ်ကြလဲခဏခဏမေးတတ်ကြလို့ဖြေကြည့်တာပါ။
**(ကိုယ်တွေနဲ့ဘဝတူတောတောင်ရောက်ဆရာမလေးတွေကိုယ်ချင်းစာစိတ်ကူးကြည့်ရုံလေးပါ၊ဆရာမအကုန်လုံးကိုဆိုလိုဘူးနော)
***************************************
**တောင်အတက်ဆင်းမိုးနှင်းတွေပိတ်လဲဆက်ဆက်လျှောက်နေရတယ်လေ။
ဘယ်သူမခွဲတွဲလျှောက်ချင်ပါ့မလဲနော်
**ဝါးထရံကျဲတဲရွာတွေရဲ့တတ်အားသမျှချပေးတဲ့အခန်းမှာနေရတယ်လေ။
အေးတူပူမျှဘယ်သူကနေချင်ပါ့မလဲလေ။
**ရွာကပေးတဲ့ဆန်နီကြမ်းနဲ့ကလေးတို့ရဲ့စေတနာအသီးရွက်ရေတွေစွက်လို့ထမင်းဝိုင်းလေးပြင်ခဲ့ပေမဲ့။
မြိန်ရေယှက်စွာဘယ်သူပါဝင်ချင်ပါ့မလဲ။
**နေ့လဲစာသင်၊ညလဲစာသင်၊ကျောင်းပိတ်ရက်မှာစာရင်းအင်းများလုပ်ရသေးတယ်လေ။
အပြင်လည်ခေါ်ဖို့ဘယ်သူကစိတ်ရှည်ပါ့မလဲနော်**သူများတွေလှလို့၊လန်းလို့ကောင်းတုံးအရွယ်ပျိုလေးတန်မဲ့ထမိန်နဲ့ရင်ဖုံးဝတ်ပြီး၊ဆံထုံးထုံးနေရတယ်လေ။
မဝရှုစိမ့်ဘယ်သူကကြည့်ချင်လိမ့်မလဲနော။
**တီတီတာမချွဲနွဲ့ဒါလုပ်ဟဲ့၊ဟိုလုပ်ဟဲ့၊စေတနာနဲ့လမ်းမှန်ရောက်အောင်ပို့ဆောင်တဲ့စကားပဲဆိုတတ်တာလေ။
နားဝင်ဘယ်သူချိုနေလိမ့်မလဲနော
ထို့ကြောင့်
များသောအားဖြင့်ကျောင်းဆရာမများသည်အပျိုကြီးများဖြစ်ကုန်ကြတော့လေသတည်း။ ။
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, December 4, 2015
ကျောင်းဆရာမတွေဘာလို့အပျိုကြီးဖြစ်ကြလဲခဏခဏမေးတတ်ကြလို့ဖြေကြည့်တာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment