Friday, December 4, 2015

သတိထားဖို့လိုပါတယ်။

သတိထားဖို့လိုပါတယ်။
၎-၁၂-၂၀၁၅
ညနေ(၅း၁၂)နာရီန

ဆောင်းရာသီရဲ့ ရာသီအလိုက်ဖြစ်ပေါ်နေတဲ့ တရုတ်ပြည်မကြီးပေါ်မှ လေဖိအားများရပ်ဝန်း
ကြီး (seasonal China High) ဟာ အားကောင်းနေပြီး မြန်မာနိုင်ငံအတွင်းကို ရှမ်းပြည်နယ်မြောက်ပိုင်းမှတစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသအထိ ရောက်အောင်တိုးဝင်နေပါတယ်။ အဲဒီတိုငးဝင်မှုကြောင့် မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသမှာ အရှေ့မြောက်လေများ တစ်နာရီ  မိုင်(၂၀-၂၅)အထိ တိုက်ခတ်နေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာလည်း ညအပူချိန်များ 4°C ရောက်အောင်ကျဆင်းနေပြီး မိုးတွေလည်းရွာနေပါတယ်။

ဒီဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေပါတယ်။ အကြောင်းကတော့ (၁၁-၃၂၀၁၁)မှ ၁၇-၃-၂၀၁၁)တုန်းက ဒီလိုဲ့ အရှေ့မြောက်လေအေးတွေတိုးဝင်လာရာမှာ မြစ်ဝကျွန်းပေါ်ကို ကျော်လွန်ပြီး သီရိလင်္ကာနိုင်ငံအထိရောက်အောင်တိုးဝင်လာလို့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အရှေ့လေပြင်းများတိုက်ခတ်ခဲ့ရာ ဖျာပုံမြစ်ဝက ကျးဖေါင်တွေလေနဲ့မျောပါသွားလိုက်တာ ရေလုပ်သားတွေသောင်းနဲ့ ချီပြီး ဘင်္ဂလားပင်လယ်အော်ထဲ မျောပါသွားခဲ့ကြတဲ့ သမိုင်းဖြစ်ရပ် ရှိခဲ့ဖူးပါတယ်။

လေဖိအားများရပ်ဝန်း လက်ရှိတိုးဝင်မှုဟာ၂၀၁၁ လောက် အားမကောင်းသေးပေမယ့် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနဲ့ကမ်းလွန်ဒေသမှာ ပင်လယ်ရေလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေအနေနဲ့ သတိရှိစွာလုပ်ကိုင်ကြဖို့ အကြံပြုလိုပါတယ်။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံအနှံ့ အချိန်အခါမဟုတ်မိုးတွေရွာ၊ ကမ်းရိုးတန်း နဲ့ ကမ်းလွန်ဒေသတွေမှာ လေပြင်းတွေတိုက်၊ လှိုင်းတွေကြီး နဲ့ ဒုက္ခတွေရောက်ခဲ့ကြရပါတယ်။

အထူးသဖြင့် ဒီနှစ် ဆောင်းရာသီကာလမှာ အာတိတ်လေအေးတွေ တရုတ်ပြည်အတွင်းတိုးဝင်ဖို့ရှိနေတဲ့အတွက် ဒီအန္တရာယ်ဟာ အခုကတည်းက အထူးသတိပြုဖို့လိုအပ်နေပါတယ်။

ဒေါက်တာထွန်းလွင်

No comments: