ျမန္မာႏိုင္ငံ သမၼတ ဦးသိန္းစိန္ ႏွင့္ တရုတ္ႏုိင္ငံ အစုိးရ အထူးသံအမတ္ ၊ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး လ်ိဳက်န္႔မင္ တုိ ့ေတြ ့ဆုံ ေဆြးေႏြး
ေနျပည္ေတာ္ ၊ ဒီဇင္ဘာ ၄ ရက္ (ဆင္ဟြာ)
ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံ ႏုိင္ငံေတာ္ သမၼတ ဦးသိန္းစိန္ႏွင့္ တရုတ္ ျပည္သူ ့သမၼတႏုိင္ငံ အစုိးရ အထူးသံအမတ္ ၊ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး မစၥတာ လ်ိဳက်န္႔မင္ (H.E.Mr. Liu Zhenmin , Special Envoy of the Chinese Government and Deputy Minister of Foreign Affairs of China) ႏွင့္ အဖြဲ ့ဝင္မ်ားသည္ ယေန ့ဒီဇင္ဘာလ ၄ ရက္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ သမၼတရုံး၌ တစ္နာရီေက်ာ္ၾကာ ေတြ ့ဆုံ ေဆြးေႏြး ခဲ့သည္။
ထုိေတြ႕ဆံုမႈ အၿပီးတြင္ တရုတ္ ျပည္သူ ့သမၼတႏုိင္ငံ အစုိးရ အထူးသံအမတ္ ၊ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး မစၥတာ လ်ိဳက်န္႔မင္ႏွင့္ အဖြဲ ့ဝင္မ်ားသည္ ျပည္သူ ့လႊတ္ေတာ္ တရားဥပေဒ စုိးမုိးေရးႏွင့္ တည္ၿငိမ္ ေအးခ်မ္းေရး ေကာ္မတီ ဥကၠဌ ၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္လည္း ေနျပည္ေတာ္ရွိ လႊတ္ေတာ္ဝင္း အတြင္းရွိ (I-12) ၌ ေတြ ့ဆုံ ေဆြးေႏြးခဲ့သည္။
ထို႔ျပင္ ျပည္ေထာင္စု လႊတ္ေတာ္ နာယက ၊ ျပည္သူ ့လႊတ္ေတာ္ ဥကၠဌ သူရ ဦးေရႊမန္းႏွင့္ တရုတ္ ျပည္သူ ့သမၼတႏုိင္ငံ အစုိးရ အထူးသံအမတ္ ၊ တရုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး လ်ိဳက်န္႔မင္ႏွင့္ အဖြဲ ့ဝင္မ်ားသည္ ေနျပည္ေတာ္ရွိ ျပည္သူ႔လႊတ္ေတာ္ ဧည့္ခန္းမေဆာင္၌ ဆက္လက္ ေတြ ့ဆုံ ေဆြးေႏြး ခဲ့ၾကသည္။ (Xinhua)
-----------------------------------------
(Unicode Version)
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် နှင့် တရုတ်နိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင် တို ့တွေ ့ဆုံ ဆွေးနွေး
နေပြည်တော် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ် ပြည်သူ ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (H.E.Mr. Liu Zhenmin , Special Envoy of the Chinese Government and Deputy Minister of Foreign Affairs of China) နှင့် အဖွဲ ့ဝင်များသည် ယနေ ့ဒီဇင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး၌ တစ်နာရီကျော်ကြာ တွေ ့ဆုံ ဆွေးနွေး ခဲ့သည်။
ထိုတွေ့ဆုံမှု အပြီးတွင် တရုတ် ပြည်သူ ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင်နှင့် အဖွဲ ့ဝင်များသည် ပြည်သူ ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေပြည်တော်ရှိ လွှတ်တော်ဝင်း အတွင်းရှိ (I-12) ၌ တွေ ့ဆုံ ဆွေးနွေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် တရုတ် ပြည်သူ ့သမ္မတနိုင်ငံ အစိုးရ အထူးသံအမတ် ၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လျိုကျန့်မင်နှင့် အဖွဲ ့ဝင်များသည် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ ဆက်လက် တွေ ့ဆုံ ဆွေးနွေး ခဲ့ကြသည်။ (Xinhua)
No comments:
Post a Comment