Friday, December 4, 2015

တာလီဘန္ ထိပ္တန္း ေခါင္းေဆာင္ မူလာ အက္ခ္ထာ မိုဟာမက္ မန္စြာ ဒဏ္ရာမ်ားေၾကာင့္ ေသဆံုးေၾကာင္း အာဖဂန္ နစၥတန္ ႏိုင္ငံမွ တရားဝင္ေျပာၾကား

တာလီဘန္ ထိပ္တန္း ေခါင္းေဆာင္ မူလာ အက္ခ္ထာ မိုဟာမက္ မန္စြာ ဒဏ္ရာမ်ားေၾကာင့္ ေသဆံုးေၾကာင္း အာဖဂန္ နစၥတန္ ႏိုင္ငံမွ တရားဝင္ေျပာၾကား

ကဘူးလ္၊ ဒီဇင္ဘာ ၄ ရက္ (ဆင္ဟြာ)
တာလီဘန္ ထိပ္တန္း ေခါင္းေဆာင္ မူလာ အက္ခ္ထာမန္စြာ မွာ ၎ရရွိထားေသာ ဒဏ္ရာမ်ားျဖင့္ ေသဆံုးခဲ႔ေၾကာင္း အာဖဂန္ နစၥတန္ ႏိုင္ငံ ပထမ ဒုတိယသမၼတ ၏ ေျပာေရးဆိုခြင့္ရွိသူ စူလ္တန္ ေဖဇီးက  ၎၏ တြစ္တာ အေကာင့္တြင္ အတည္ျပဳေျပာၾကား လိုက္သည္။

မန္စြာသည္ ဇူလိုင္လ ေႏွာင္းပိုင္းက ေသဆံုးခဲ႔သည့္ တာလီဘန္ ေခါင္းေဆာင္ေဟာင္း မူလာ မိုဟာမတ္ အိုမာေနရာကို ဆက္ခံထားသူ ျဖစ္သည္။ ထိုသို႔ မန္စြာ ေရာက္ရွိလာၿပီးေနာက္ အဖြဲ႕အတြင္း ႏွစ္ဘက္ ဂိုဏ္းကြဲ သြားရာမွ ေသနတ္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ျပည္တြင္း ရုပ္သံလိုင္း 1TV သတင္းအရ မန္စြာသည္ ပါကစၥတန္ႏိုင္ငံ Quetta ၿမိဳ႕၌ ဒီဇင္ဘာလ ၁ ရက္ေန႔ က ဒဏ္ရာရရွိခဲ႔ၿပီး ထိုဒဏ္ရာျဖင့္ပင္ ေသဆံုးခဲ႔ျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
တာလီဘန္ ေျပာေရး ဆိုခြင့္ရွိသူ ဇာဘီဟူလာ မူဂ်ာဟစ္ကမူ ယင္းသို႔ ထုတ္ျပန္ခ်က္မွာ အေျခအျမစ္ မရွိေၾကာင္း ျငင္းဆိုထားၿပီး အမ်ားျပည္သူအား လွည့္ကြက္အျဖစ္ ဝါဒ ျဖန္႔ထားျခင္း ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားသည္။
ျပည္တြင္း သတင္းမီဒီယာ တစ္ခုတြင္လည္း မူလာ မန္စြာ ေသဆံုးေၾကာင္း တာလီဘန္ ေခါင္းေဆာင္ေဟာင္း မူလာ အမ္မာ ခန္ မူတာကီ၏ ေျပာစကားအား ကိုးကား ေဖာ္ျပထားသည္။  (Xinhua)
-----------------------------------------
(Unicode Version)
တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာ အက်ခ်ထာ မိုဟာမက် မန်စွာ ဒဏ်ရာများကြောင့် သေဆုံးကြောင်း အာဖဂန် နစ္စတန် နိုင်ငံမှ တရားဝင်ပြောကြား
ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာ အက်ခ်ထာမန်စွာ မှာ ၎င်းရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန် နိုင်ငံ ပထမ ဒုတိယသမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ စူလ်တန် ဖေဇီးက  ၎င်း၏ တွစ်တာ အကောင့်တွင် အတည်ပြုပြောကြား လိုက်သည်။
မန်စွာသည် ဇူလိုင်လ နှောင်းပိုင်းက သေဆုံးခဲ့သည့် တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ မိုဟာမတ် အိုမာနေရာကို ဆက်ခံထားသူ ဖြစ်သည်။ ထိုသို့ မန်စွာ ရောက်ရှိလာပြီးနောက် အဖွဲ့အတွင်း နှစ်ဘက် ဂိုဏ်းကွဲ သွားရာမှ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ရုပ်သံလိုင်း 1TV သတင်းအရ မန်စွာသည် ပါကစ္စတန်နိုင်ငံ Quetta မြို့၌ ဒီဇင်ဘာလ ၁ ရက်နေ့ က ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
တာလီဘန် ပြောရေး ဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကမူ ယင်းသို့ ထုတ်ပြန်ချက်မှာ အခြေအမြစ် မရှိကြောင်း ငြင်းဆိုထားပြီး အများပြည်သူအား လှည့်ကွက်အဖြစ် ဝါဒ ဖြန့်ထားခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ပြည်တွင်း သတင်းမီဒီယာ တစ်ခုတွင်လည်း မူလာ မန်စွာ သေဆုံးကြောင်း တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ အမ်မာ ခန် မူတာကီ၏ ပြောစကားအား ကိုးကား ဖော်ပြထားသည်။  (Xinhua)

No comments: