ကျောက်မျက်ရတနာ ခေတ်မီနှစ်ထပ်ဈေးသစ်ကြီး ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် စတင်ဖွင့်လှစ်တော့မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မန္တလေး ဒီဇင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးဒေသ မန္တလေးမြို့အဝင် မန္တလေး-ရန်ကုန် အမြန် လမ်းမကြီးနှင့် မြစ်ငယ်-စစ်ကိုင်းလမ်းတို့ဆုံရာနေရာတွင် ကမ္ဘာပေါ်တွင် တစ်ဆူတည်းသော ကျောက်စိမ်းစေတီတော် မြတ်ကြီး၏အနီးရှိ မြေ ၃၄ ဒသမ ၅၈ ဧကပေါ်တွင် အဆောက်အအုံ ဧရိယာ ပေ ၁ ဒသမ ၄၅ သန်းအကျယ်ရှိသော မြေပေါ်တွင်ံတေုနမှ့နိ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာ ခေတ်မီနှစ်ထပ်ဈေးသစ်ကြီးကို ၂ဝ၁၄ ခုနှစ် ဇွန်လပိုင်းမှစတင်၍ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်းကို အဆိုပါကုမ္ပဏီ ဒါရိုက်တာ(ဈေးကွက်ဌာန)ဦးကျော်ထူးအောင်က ပြောသည်။
ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာ ခေတ်မီနှစ်ထပ်ဈေးသစ်ကြီးသို့ အမြန်လမ်းမကြီးမှ ဝင်ရောက်နိုင်ရန်အတွက် လမ်းစီစဉ်ဆောင်ရွက်ထားပြီး မန္တလေးမြို့(၇၈)လမ်းကနေ မြို့ထဲမှ ဘတ်(စ်)ကားများ သွားရေးလာရေး လုံခြုံလွယ်ကူချောမွေ့ရန်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ခေတ်မီနှစ်ထပ်ဈေးသစ်ကြီး ရေရှည်တည်တံ့ရေးနှင့် အရည်အသွေးကောင်းမွန် ရေးတို့အတွက် ဝန်ဆောင်မှုအားလုံးကို Management Company တစ်ခုမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး သီးခြားလုံခြုံရေးစနစ်များနှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လျှပ်စစ်အနေဖြင့် National Power Line ကို MW ထိရရှိအောင် စီစဉ်၍ှSolar System ကိုလည်း Project တစ်ခုလုံးကို အဆောက်အအုံအတွက် Lighting နှင့် လမ်းမီးများကို ၂၄ နာရီအပြည့် မီးရရှိအောင်လည်း စီစဉ်ဆောင်ရွက်ထားပြီး သွားလာ တက်ဆင်းရလွယ်ကူအောင် စက်လှေကား လေးစင်း၊ ဓာတ်လှေကား သုံးစင်း တပ်ဆင်ပေးသွား မည်ဖြစ်သည်။ Food Court, Food Shops နှင့် Super Market, Mini Market များအပြင် ငွေကြေးကိစ္စအဆင်ပြေစေရန်အတွက် Money Changer နှင့် ဘဏ်တွေကို ဈေးကြီးအတွင်းတွင် ထည့်သွင်းတည်ဆောက်ထားမည်ဖြစ်သည်။ ရောင်းသူများနှင့် ကျောက်မျက်ရတနာနှင့် ငွေကြေးများ လုံခြုံစိတ်ချ ရန်အတွက် Locker များကို ဘဏ်တွေမှာထားရှိပေးမည်ဖြစ်သည်။ Hawker Shed ထဲတွင် ကားပါကင်သီးခြားနေရာလုပ်ပေးထားရာ ဆိုင်ကယ်အစီး ၃ဝဝဝ၊ ကားအစီး ၃ဝဝ အပြင် ကားလေး၊ ကားကြီး၊ ဘတ်(စ်)ကားများအတွက် အစီး ၁ဝဝဝ စာပါရှိမည်ဖြစ်သည်။ CCTV များလည်းတပ်ဆင်ထားမည်ဖြစ်ပြီး ဈေးအတွင်းရောင်းဝယ်ကြသူများအတွက် လုံခြုံရေးအပြည့်အဝ အာမခံပေးထားကာ ရေနှင့်မိလ္လာကိုလည်း နောက်ဆုံးပေါ် သန့်စင်စနစ်များနှင့် စီစဉ်ထားပြီး နောက်ပိုင်းကာလများတွင် ကျောက်သွေးကျောက်ဖြတ်နှင့် အချောထည် လုပ်ငန်းရှင်များအတွက် သီးခြားဆိုင်ခန်းများရရှိအောင် သက်သာသည့် နှုန်းထားဖြင့် လျာထားစီစဉ်ထားသည့်အပြင် အသားကျောက်များထားရှိနိုင်ရန် ဂိုဒေါင်စီစဉ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာဈေးဆိုင်ခန်းများမှ ၁၂ ပေပတ်လည်ဆိုင်ခန်းများ၊ (၁ဝx၁၂)ပေ ဆိုင်ခန်းများ၊ (၈x၁၂)ဆိုင်ခန်းများ ဝယ်ယူရန် အဆိုပြုစလစ်ပြားပိုင်ရှင်များသည် ဒီဇင်ဘာ ၃ ရက်မှ ၂၄ ရက်အထိ နောက်ဆုံးထား၍ သတ်မှတ်ငွေများပေးသွင်းရမည်ဖြစ်သည်။ ကြိုတင်ငွေ ပေးသွင်းပြီးသူများ ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီတွင် ဈေးဆိုင်ခန်းများကို မဲနှိုက်နေရာချထားပေးမည်ဖြစ်ပြီး ဆိုင်ခန်းဝယ်ယူရန် အဆိုပြုကတ်ပြားပိုင်ရှင်များအနေဖြင့် ဒီဇင်ဘာ ၂၄ ရက်ထိ ငွေပေးသွင်းမှုမရှိခဲ့ပါက ဆိုင်ခန်း ဝယ်ယူခွင့်ပျက်ပြယ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ ကျောက်စိမ်း နှင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များ ကျောက်မျက်ရောင်းချခြင်းနှင့် ပတ်သက်သည့် စိတ်ဝင်စားသူ မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပြီး ဈေးဆိုင် ခန်းဝယ်ယူလိုသူများ ယနေ့မှစတင်၍ စာရင်းပေးသွင်းနိုင်သည်။ စာရင်း ပေးသွင်းပြီး ကြိုတင်ငွေပေးသွင်းသူများကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ဦးရာလူစနစ်ဖြင့် ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင် ရောင်းချပေးသွားမည်ဖြစ်သည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment