တနင်္သာရီတိုင်းဒေသကြီး
မြိတ်ခရိုင် ရဲဖွဲ့မှူး-ဒု-ရဲမှူးကြီးတင်ထွန်း၏ လမ်းညွှန်ချက်အရ
မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးစောမောင် မှ အနီးကပ်ကြီးကြပ်လျက်
မြို့မရဲစခန်းမှူး-ဒု-ရဲအုပ်မောင်မောင် ၊ ဒု-ရဲအုပ်နေဝင်းမြင့်၊
ရဲတပ်ကြပ်ကြီး-ကျော်ဆွေ၊ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှုခင်းအကူမှ
ရဲတပ်သားညီညီစိုးနှင့်မြင့်ဦးတို့သည် ဇဝဲကျေးရွာအုပ်စု- အုပ်ချုပ်ရေးမှူး
ဦးစိုးငယ် အပါအဝင် ဆင်ဒင်ကျေးရွာ-ရာအိမ်မှူးဦးမြင့်ဦး တို့လိုက်ပါလျက်
ဆင်ဒင် ကျေးရွာနေ ဦးသန်းဇော် ၏ နေအိမ်တွင်
မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ သြဂုတ်လ၂၃ ရက်နေ့ နံနက် ၅နာရီ ခွဲ
အချိန်က သွားရောက်ရှာဖွေခဲ့ကြသည်။
ထိုသို့
ရှာဖွေရာတွင် ၄င်းဦးသန်းဇော် ၏ နေအိမ်အောက်ထပ်အိပ်ရာပေါ်မှ WY စာတန်းပါ
ပန်းရောင် ဆေးပြား(၉)ပြား ၊ အစိမ်းရောင်စိတ်ကြွဆေးပြား(၂)ပြားနှင့်
တူမီးယမ်းထောင်းသေနတ်(၁) လက်၊ ဆေးရှုရာတွင် အသုံးပြုသော ဆေးရှုကိရိယာ(တစ်စုံ)
၊ အနက်ရောင်ဖုန်းတစ်လုံး(ဆင်းကတ်မပါ)နှင့် သန်းဇော် ၏နေအိမ်သို့
ရောက်ရှိနေသော အောင်ထွန်း(ခေါ်)နိုင်လင်း ၏ဂျင်းဘောင်းဘီအတွင်းမှ WYစာတန်းပါ
ဆေးပြား(၁၉၁)ပြား နှင့် (ကိုးလ်)တံဆိပ်ပါ(၄၅)ပစ္စတိုသေနတ်တစ်လက်အပါအဝင်
၎င်းသေနတ်ကျည်(၄)တောင့်၊ ကျည်အိမ်(တစ်ခု)တို့ကို ရှာဖွေတွေ့ရှိ
သိမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ
မူးယစ်ဆေးဝါးများအား ရောင်းချရန်၊ သုံးစွဲရန်နှင့် တရားမဝင်လက်နက်များ
ကိုင်ဆောင်ထားရှိသူ သန်းဇော်(၃ဝ)နှစ် (အဘ)ဦးတင်မွန်၊
ဆင်ဒင်ကျေးရွာနေသူနှင့် အောင်ထွန်း(ခေါ်) နိုင်လင်း(၃၇)နှစ်၊
မြိတ်မြို့နယ်-တောင်းရှည်ကျေးရွာနေ (အဘ)ဦးအောင်သန်း တို့(နှစ်ဦး)အား
တနင်္သာရီမြို့မရဲစခန်း မယ(ပ) ၂၂/၂ဝ၁၆ ၊ မူး/စိတ်ပုဒ်မ-၁၅/၁၉/(က)/၂၂(ခ)ဖြင့်
အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။
Ref: MOI
The Ladies News
No comments:
Post a Comment