Friday, August 19, 2016

အိန္ဒိယအစိုးရတပ်တွေနဲ့ NSCN-K နာဂအဖွဲ့ မြန်မာနယ်စပ်မှာ တိုက်ပွဲဖြစ်

~~~~~~~~~~~~
■ စစ်ကိုင်းတိုင်းဒေသကြီး၊ အိန္ဒိယ-မြန်မာ နယ်ခြားမှတ်တိုင်အမှတ်-၁၅၁ အနီးတဝိုက်မှာ အိန္ဒိယ အစိုးရတပ်နဲ့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K လက်နက်ကိုင်တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ရွှေလော ကျေးရွာတဝိုက်က ဝက်သက်ရောဂါ ဖြစ်ပွားနေသူတွေကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ နာဂအမျိုးသားရေးရာကောင်စီက ပြောပါတယ်။ လဟယ်မြို့နယ်အစား နန်းယွန်းမြို့နယ်ထဲက ရွာတွေဘက်ကိုပဲ သွားရောက်ကူညီဖို့ အစီအစဉ် ပြောင်းလိုက်ရတယ်လို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ ဝက်သက်ရောဂါ ကူးစက်ပျံ့ပွားတဲ့အတွက် သြဂုတ်လ (၁၈) ရက် မနေ့ကအထိ ၄၄ ယောက် သေဆုံးခဲ့ပြီး၊ လူပေါင်း ငါးရာလောက် ဝေဒနာခံစားနေရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

No comments: