Friday, August 5, 2016

ခုအချိန် NLD အစိုးရ နဲ့ အရင်ဦးသိန်းစိန်အစိုးရ (စစ်အစိုးရခေတ်နဲ့မဆိုင်) ကို နှိုင်းယှဉ်ရင် ဦးသိန်းစိန်အစိုးရက အပြတ်အသတ်သာတယ်ဆိုတာက ထင်ရှားသည်ထက် ထင်ရှားလာတယ်။

ဦးသိန်းစိန်လက်ထက်ကလည်း ဒီဘတ်ဂျက်ပါပဲ။
ဦးသိန်းစိန်က ပြည်ပအထောက်အပံ့မှာ ဒေါ်စုနဲ့စာရင် တစ်ဝက်တောင် မရှိပါဘူး။
ဒေါ်စုလိုလည်း ဖုန်းဘေလ်တွေ အခွန်မဖြတ်ပါဘူး။
ရေတွေကြီးနေပါလျက် ဒီဘတ်ဂျက်ထဲကပဲ ပြည်သူကို ကူညီခဲ့သလို ကမ္ဘာမှာ စီးပွားရေးတိုးတက်မှုအမြန်ဆုံးဆိုတဲ့နှုန်းကိုလည်း ထိန်းနိုင်ခဲ့တယ်။

ဒေါ်စုကတော့ အရဘက်မှာ ပိုပါတယ်။
တရုတ်နဲ့ စီးပွားရေးတွေ အကုန်ပြန်ဖွင့်တယ်။
ချေးငွေတွေ ထောက်ပံ့ငွေတွေရတယ်။
အခွန်တိုးကောက်ထားတာတွေ ရှိတယ်။

ဒါပေမယ့်
စီးပွားရေးကျသွားတယ်။
သဘဝဘေး တုံ့ပြန်ပုံ ဆိုးဝါးလွန်းတယ်။
အရင် ဦးသိန်းစိန်လက်ထက်က ရေးကြီးတာမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပေမယ့် အစိုးရဖြစ်လာတော့ ဝေဖန်တာတွေရဲ့ အပုံတရာပုံ တစ်ခုလောက်တောင် လုပ်မပေးနိုင်ဘူး။
အတိုက်အခံဘဝက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဆိုတာ နိုင်ငံရေးအတွက် ယောင်ပြအဖွဲ့အစည်း၊ NLD အာဏာရရင် သဘာဝဘေး ဘယ်လိုကိုင်တွယ်မယ် ဆိုတာတွေက နိုင်ငံရေးသက်သက် ဖြီးလုံးတွေ ညာဝါရွှီးတွေဆိုတာ ပေါ်လွင်သွားတယ်။

ခုအချိန် NLD အစိုးရ နဲ့ အရင်ဦးသိန်းစိန်အစိုးရ (စစ်အစိုးရခေတ်နဲ့မဆိုင်) ကို နှိုင်းယှဉ်ရင် ဦးသိန်းစိန်အစိုးရက အပြတ်အသတ်သာတယ်ဆိုတာက ထင်ရှားသည်ထက် ထင်ရှားလာတယ်။
ဒေါ်စုက နောက်လိုက်ကောင်းတွေ မရှိလို့ လို့ အကြောင်းပြနိုင်ပေမယ့် ဦးသိန်းစိန်မှာလည်း နောက်လိုက်ကောင်း သိပ်မရှိပါဘူး။
ပညာအရာဆိုလည်း ဒေါ်စုကို မမီပါဘူး။ နိုင်ငံတကာက အထင်ကြီးလေးစားခံရမှုလည်း ဒေါ်စုက သာပါတယ်။
ဒါပေမယ့် ပင်ကို အရည်အသွေး၊ မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်မှုနှင့် ပြည်သူအပေါ်စေတနာထားမှုတွေမှာကျ ဦးသိန်းစိန်က အပြတ်အသတ်သာတယ်။

တကယ်တော့ နိုင်ငံခေါင်းဆောင်ဆိုတာ စာတတ်တတ် မတတ်တတ်၊ ပင်ကိုယ်အရည်သွေးရှိ၊ မှန်ကန်စွာ စဉ်းစားဆုံးဖြတ်ပြီး ပြည်သူအပေါ် စေတနာထားတတ်ဖို့ပဲ လိုတာပါ။

Soe Moe Hlaing

No comments: