Monday, August 1, 2016

NLD ထောက်ခံရင် ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့သူတွေကို နားလည်စေချင်တာတစ်ခုတော့ရှိတယ်

[Zawgyi]
"လှောင်အိမ်သစ်"

ဒေါ်သက်သက်ခိုင် အင်တာဗျူး နားထောင်ပြီးတော့ သူမရဲ့ စကားတွေအားလုံးကို အသေးစိပ် ပြန် Analyze လုပ်ကြည့်ဖြစ်တာက ...

သူမဟာ ခု လူတွေဝေဖန်နေကြသလို သူမရဲ့ စီးပွားရေးကိုထိခိုက်လာလို့ ဖြိုးမင်းသိန်း ကို ဝေဖန်တာလုံးဝ မဟုတ်ဘူး။
သူမ ဝန်ကြီးမဖြစ်ခဲ့လို့ ဘေးထိုင်ဘုပြောလုပ်တာလဲ လုံးဝ မဟုတ်ဘူး ဆိုတာ နားလည်လိုက်ပါတယ်။

ဘာလို့ မဟုတ်တာလဲဆိုတော့

(၁) သူမ ဟာ Economic နဲ့ Politic ကို ကောင်းစွာနားလည်ထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်တယ်။

(၂) သူမ ခုလိုပြောလိုက်မယ်ဆိုရင် လူတွေ ခုလိုတုံ့ပြန်မယ်ဆိုတာကို ကြိုမခန့်မှန်းနိုင်လောက်အောင် တုံးအတဲ့သူမဟုတ်ဘူး ၊ ဒါပေမယ့်လဲ အမုန်းခံပြောခဲ့တာဟာ သူမရဲ့ ကိုယ်ပိုင်ယုံကြည်ချက်က စစ်မှန်နေလို့ ဖြစ်တယ်။

(၃) သူမ ရင်ဆိုင်လိုက်တာဟာ သူမ တစ်ယောက်တည်းနဲ့ဆိုင်တဲ့ အနာဂါတ်အတွက်မဟုတ်ဘူး ၊ ရင်းနှီးမြှုတ်နှံထားသူ အားလုံးအတွက် ရေရှည်ထိခိုက်လာမှာတွေကို ကြိုတင်တွက်ဆပြီး ပြောခဲ့တာဖြစ်တယ်။

ကျွန်တော်ဟာ ရန်သူဘဲ ဖြစ်နေပါစေ စစ်မှန်တဲ့ ယုံကြည်ချက်ရှိသူတိုင်းကိုတော့ ..
သိုးမည်းမဖြစ်ချင်တိုင်း အများကြိုက်လိုက်ယောင်တဲ့ ခပ်တုံးတုံး မိတ်ဆွေတုတွေထက် ပိုလေးစားပါတယ်။

လူတော်စစ်စစ်တစ်ယောက်က ကျွန်တော့်ကိုဆဲတာကို လူထုံလူအ တစ်သန်း ဝိုင်းချီးမွန်းတာထက် ကျေကျေနပ်နပ်ကို ပိုတန်ဖိုးထားပါတယ်။

ကဲ .. ယှဉ်ကြည့်ကြရအောင် ..

ဖြိုးမင်းသိန်းဟာ သာမန် ပြည်တွင်း အခြေခံ အတန်းပညာတောင် ဆုံးခန်းမတိုင်ခဲ့တဲ့သူဖြစ်တယ်။

ပညာတတ်မှ နိုင်ငံရေးလုပ်ရမှာတော့မဟုတ်ပါဘူး
စာတောင် မဖတ်တတ်လဲ နိုင်ငံရေးလုပ်လို့ရပါတယ်။

ဒါပေမယ့် နိုင်ငံရေး နဲ့ အုပ်ချုပ်ရေးနဲ့ မှာ လုံးဝမတူညီတဲ့ လိုအပ်ချက်တွေရှိတယ်။
နိုင်ငံရေးဟာ Theoretical (အတွေးအခေါ်ပိုင်းဆိုင်ရာ) သီးသန့်နဲ့ သွားလို့ရပေမယ့် အုပ်ချုပ်ရေးကတော့ Practical (လက်တွေ့) ဆန်တာမို့ ပညာအရည်အချင်းနဲ့မှ Manage လုပ်နိုင်တဲ့ စီးပွားရေး လူမှုရေး ဆိုတဲ့ အချက်တွေပါနေတယ်။

ဖြစ်ပုံကတော့ ဒေါ်စုက NLD လူရင်းတွေအများစုရဲ့ Recommendations တွေကြောင့် ဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ်တာဝန် ပေးလိုက်မိတယ်။

နိုင်ငံရေး (ယုံကြည်မှု) သမားသက်သက်သာ ဖြစ်တဲ့ ဖြိုးမင်းသိန်းဟာ ဒီရာထူးအတွက် ပညာရေး Qualification အရ ကိုက်ညီတဲ့လိုအပ်ချက်တွေ ဘာမှမရှိတာ သူ့ကိုယ်သူသိနေခဲ့တယ်။

ဒီတော့ သူဟာ ပညာမတတ်တဲ့ ဝန်ကြီးချုပ်ဆိုပြီး သူ့ကို စိန်ခေါ်လာမယ့်သူတွေ ကိုကြိုကန်လို့ရအောင် ပြည်ပနိုင်ငံရေးလောကကနေ ကြားဖူးနားဝရှိထားတဲ့ ဟာတွေ အကုန်လုပ်ပြပါတော့တယ်။

ဘယ်နိုင်ငံဝန်ကြီးက လူတွေနဲ့တူတူရထားစီးတာတို့ ..
ဘယ်နိုင်ငံ ဝန်ကြီးချုပ်က ဘာတွေကိုမသုံးတာတို့ ...

တကယ်တော့ အဲ့ဒါတွေဟာ လူပြိန်းကြိုက်နိုင်ငံရေး Campaign (မဲဆွယ်မှု) အဆင့်ဘဲရှိပါတယ်။

တကယ်က ဝန်ကြီးချုပ်ဆိုတာ ဝန်ကြီးချုပ်လို အဆင့်ရှိရှိနေဖို့သာလိုအပ်တယ်။
အစွမ်းအစကို လုပ်ရပ်နဲ့ သက်သေပြဖို့ဘဲလိုတယ်ဆိုတာလဲ သူသိနိုင်စွမ်းမရှိဘူး။

အဲ့ဒါကို နားလည်တဲ့ ပညာတတ်တွေက ထောက်ပြဝေဖန်တော့ သူက လူပြိန်းကြိုက်ပိုများမယ့် လုပ်ရပ်တွေကို ပိုကျိုးစားပြီး ဖန်တီးတော့တယ်။

မဘသ ကို NLD အများစုက မုန်းတယ်။
NLD ထောက်ခံသူတွေအများစုကဘဲ သူ့နားမှာရှိနေတာဆိုတော့ အာဏာလေး လက်ထဲမှာတောင် မနွေးသေးဘူး မဘသကို အရင်ဆော်ထဲ့လိုက်တယ်။

သူနိုင်သွားပြီလို့ ထင်ရတဲ့ တုံ့ပြန်မှုတွေ တွေ့ရတယ်။
ဒါကိုလဲ တော်တော်သာယာသွားတယ်။
ဒါပေမယ့် သူ့ကို ဆက်ဝေဖန်တာတွေကတော့ မရပ်သေးဘူး ဒီတော့ သူ Game Up (Level မြှုင့်) လုပ်ဖို့လိုလာတယ်။

သူ့ကို ထောင်ချခဲ့တဲ့ စစ်အစိုးရက လူတွေကို လောလောဆယ် ဒေါ်စုကြောင့် သူဘာမှပြန်လုပ်လို့မရသေးတော့ နောက်ခွင်သစ်ထပ်ထွင်တယ်။

ပညာမဲ့ပီပီ သူထောင်ကျနေခဲ့တဲ့ အချိန်တွင်းမှာ ချမ်းသာနေတဲ့သူတွေအားလုံးဟာ စစ်အစိုးရနဲ့ ပေါင်းခဲ့တဲ့ ခရိုနီတွေလို့ဘဲ သူအလွယ်သတ်မှတ်ထားတယ်။

ဒီတော့ စစ်အစိုးရလက်ထက်ကနေ ယနေ့ထိ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် အကုန်လုံးကို ဒုက္ခလိုက်ပေးခြင်းနဲ့ နိုင်ငံရေးအမှတ်ယူဖို့ ခြေစလှမ်းလိုက်တာပါဘဲ။

အဲ့ဒိလိုနဲ့ ခုလို ဟို Project တွေ ရပ်ခိုင်း ဒီ Construction တွေ ပြန်စစ်ခိုင်းတွေ စလုပ်လာတော့တာပါဘဲ။
ဖြိုးမင်းသိန်းရဲ့ Judge-Mentality ဟာ ပညာမတတ်တဲ့သူတစ်ယောက်ရဲ့ Emotional Based ဆုံးဖြတ်ချက်တွေဆိုတာအရမ်းသိသာလာတယ်။

တစ်ကယ်တော့ အမေရိကားလို Liberal Democratic တွေကြီးစိုးတဲ့ နိုင်ငံမှာတောင် နိုင်ငံရေးသမားတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အမြဲထည့်တွက်ရလေ့ရှိပါတယ်။

ဥပမာ ဆေးလိပ်သောက်တာ မကောင်းဘူး၊ အရက်သောက်တာ မကောင်းဘူးဆိုတာ ဆေးပညာအရ သက်သေပြနိုင်ပြီးသားအချက်တွေပါ။

ဒါပေမယ့် ဆေးလိပ် ကုမဏ္ဏီ အရက် ကုမဏ္ဏီတွေကို လုံးဝပိတ်ခိုင်းလိုက်ဖို့ဆိုတာ ခုထိမလုပ်နိုင်ကြသေးဘူး။
ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းတွေကနေ အစိုးရကို ပေးနေတဲ့ အခွန်တွေဟာ နိုင်ငံရဲ့ အကြီးမားဆုံး Income Source တွေ ဖြစ်နေလို့ဘဲ။

ဒေါ်သက်သက်ခိုင်လို ပညာတတ်တစ်ယောက်က ဒါကို မြင်သွားပြီး ထောက်ပြလိုက်တယ်။

ဖြိုးမင်းသိန်းဟာ အာဃာတ တွေကို Based လုပ်ပြီး အာဏာကို အသုံးပြုနေပါတယ်ဆိုတာ ...

တစ်ကယ်တော့ သူမပြောတာ ရာနှုန်းပြည့်အမှန်ပါဘဲ ...

အဲ့ဒိမှာ NLD လူတွေကဘဲ သူမကို ပြန် ဆဲတော့တယ်

" ဒေါ်စုက သူမကို ဝန်ကြီးတစ်ယောက် အဖြစ်အရွေးမခံရလို့ " .. .. ပေါ့ ...

ဒါပေမယ့် ဒေါ်သက်သက်ခိုင်ရဲ့ Financial ( ကြွယ်ဝမှု ) အနေအထားဟာ
ဝန်ကြီး ဖြစ်ဖို့လဲ ဘယ်တုန်းကမှ မလိုခဲ့သလို လိုလာစရာလဲ မရှိပါဘူး။

နောက်တစ်ခုက ...

သူမဟာ အဲ့ဒါကို စိတ်ပျက်ကောင်း ပျက်ခဲ့နိုင်ပါတယ် ။

ဒါပေမယ့် အာဏာ ပါဝါတွေ မရလို့တော့ မဟုတ်ဘူး။
သူမ နိုင်ငံအတွက် ပြောင်းလဲပေးချင်တာတွေကို လုပ်ခွင့်မရတော့လို့သာဖြစ်ပါလိမ့်မယ်။

သူမ အဓိက ဆိုလိုတာဟာ နောင်အနာဂါတ် မြန်မာ International Trades တွေတိုင်းမှာ

" ခုအစိုးရသစ်ဟာ အရင်အစိုးရထက်တောင် စိတ်ပြောင်းလွဲမြန်သေးတယ် "

" ဘာ Major Investments မှ ရင်းဖို့ မယုံရသေးဘူး " ဆိုတဲ့ ..

နိုင်ငံတစ်ကာရဲ့ Lack Of Economical Confidence (စီးပွားရေးအရ ယုံကြည်မှုလျော့နည်းခြင်း) ဖြစ်လာမှာကို ပညာတတ်တစ်ယောက်လို ကြိုတွက်ဆ စိုးရိမ်ခြင်းသာဖြစ်တယ်။

ကဲ .. စာလဲ အရမ်းမရှေသွားခင် အဓိက ပြောချင်တာက

" ဖြိုးမင်းသိန်းဟာ နေရာမှားနေတဲ့ လူဖြစ်တယ် " ဆိုတာပါဘဲ ...

သူ့မှာ နိုင်ငံကိုတိုးတက်စေချင်တဲ့ စိတ်ရှိပါတယ်။ အဲ့ဒါ ကျွန်တော်သိပါတယ်။
ဒါပေမယ့် အဲ့ဒိစိတ်ကို ဖြစ်မြောက်အောင်လုပ်ပေးနိုင်တဲ့ အတန်းပညာရော ဥာဏ်ပညာပါ မရှိဘူး ..

ခက်တာက ဒါမျိုးရာထူးဆိုတာ ...

အလုပ်ခွင်ရောက်မှ ဖြေးဖြေးချင်း သင်ယူသွားလို့ ရတာမျိုး မဟုတ်ဘူး။

စနစ်တစ်ကျ ပညာရပ်အနေနဲ့ သင်ယူကျွမ်းကျင်ထားပြီးသား ဖြစ်နေရမှာဖြစ်တယ်။

သူ ခုလုပ်နေတဲ့ လုပ်ရပ်တွေတိုင်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်လောက်နစ်နာသွားစေမလဲဆိုတာကိုလဲ သူက စီးပွားရေးနဲ့ပါတ်သက်ပြီး ပညာလဲမတတ် ဘာမှလဲမလုပ်ခဲ့ဖူးတော့ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းမရှိဘူး။

သူဟာ လူပြိန်းတွေရဲ့ လက်ခုပ်သံကို မိန်းမော သာယာနေသူသာဖြစ်တယ်။

ပိုဆိုးတာက သူကိုယ်တိုင်လဲ ဆုံးရှုံးစရာ ပိုင်ဆိုင်မှုမရှိတော့ သူများပိုင်ဆိုင်မှုကိုလဲ တန်ဖိုးမထားတတ်ဘူး။

"အိပ်ထဲမှာ ငါးထောင်တန်တစ်ရွက်ဘဲပါတဲ့သူက
သူရောက်နေတဲ့ ဘဏ်တစ်ခုလုံး ဓါးပြတိုက်ခံရတဲ့အခါ
သန်းနဲ့ချီပြီးပါသွားတဲ့ သူဌေးတွေကို
ဘယ်တော့မှ နားလည်ခံစားပေးနိုင်မှာ မဟုတ်သလိုပေါ့ ..."

ဒီတော့ ကျွန်တော်ကတော့ ဖြိုးမင်းသိန်း နေရာမှာ ပညာအရရော စီးပွားရေးအရပါ ပြည့်ဝဖူလုံတဲ့ ထိုက်တန်သူတစ်ယောက်ယောက်နဲ့ အမြန်ဆုံး အစားထိုးစေချင်ပါတယ်။

လက်ရှိ နိုင်ငံတစ်ကာက နိုင်ငံရေးလောကကို ပြန်လေ့လာပါ။

နိုင်ငံရေးသမား အားလုံးဟာ ငွေကြေးအတွက် ပူပင်နေရမယ့်သူတွေ မပါဘူး။

ဒါမှလဲ နိုင်ငံရေးကို သမ္မာအာဇီဝ ဆန်စွာ လုပ်နိုင်မှာမို့ဘဲ။

ဘာလို့လဲဆိုတော့ ဓနအရ မပြည့်စုံတဲ့သူတွေကို လုပ်ပိုင်ခွင့်နဲ့ အာဏာပေးလိုက်ရင် တစ်ချိန်ချိန်မှာ လာဘ်စားတာတွေ ဖြစ်လာတတ်တယ်။
ဘာလို့လဲဆိုတော့ သူတို့ဟာလဲ လူတွေဖြစ်နေလို့ဘဲ။

ပြီးတော့ ကိုယ်တိုင် မချမ်းသာဖူးတဲ့သူ ..
ဂဏန်းအများကြီးတွက်ရမယ့် စီးပွားရေးလုပ်ငန်းတွေမလုပ်ဖူးတဲ့သူ ..
Risk Assessment ကို နားမလည်တဲ့သူတွေကို စီးပွားရေးဆိုင်ရာတွေ ပါတ်သက်နေမယ့် ရာထူးကြီးမျိုးဘယ်တော့မှ မပေးသင့်ဘူး ။

ထပ်ပြောရရင်တော့ အများကြီးပါ ဒါပေမယ့် ကျွန်တော် ပင်ပန်းသွားပါပြီ။

ဆဲချင်ရင်လဲ ဆဲခဲ့ပါ ကျွန်တော် လောလောဆယ် FR တွေ ရှင်းဖို့လဲရှိတယ်ဆိုတော့ အဆင်ပြေပါတယ်။

ဒီတော့ ကျေးဇူးပြုပြီး ရိုးရိုးသားသားတော့ ဆဲခဲ့ပေးပါ။

ဒါပေမယ့် NLD ထောက်ခံရင် ဘာလုပ်လုပ်မှန်တယ်ဆိုတဲ့သူတွေကို နားလည်စေချင်တာတစ်ခုတော့ရှိတယ်။

ခင်ဗျားတို့ ဖြစ်နေပုံက ဘာနဲ့ တူသလဲဆိုတော့ ...

" အာဏာရှင် စစ်အစိုးရ ရဲ့ လှောင်အိမ်ထဲက ငါတို့ လွတ်ပြီဟေ့ "

" နောက် အဲ့ဒိလို ငါတို့ကို လာချုပ်နှောင်လို့မရအောင် ... "

" ဘယ်သူမှ ဝင်ထွက်လို့မရမယ့် အိမ်ကြီးဆောက်ပြီးနေကြမယ်ကွ " ..   ဆိုတာမျိုးဖြစ်နေတယ်။

ကိုယ့်ဖာသာကိုယ် လှောင်အိမ်အသစ်တစ်ခုထဲ ဝင်မိသွားတာကိုတော့ Realize မဖြစ်ကြသေးဘူး ... ။

ထာဝရမေတ္တာဖြင့် ...

မျိုးချစ်မြန်မာ

No comments: