Saturday, August 27, 2016

ISIS ကလေးစစ်သားများက အကျဉ်းသားများကို သေဒဏ်စီရင်သည့် ဗီဒီယို ထွက်ပေါ်

အစ္စလာမ်မစ်စစ်သွေးကြွ (ISIS)အဖွဲ့မှ ကလေးစစ်သားငါးဦးက အကျဉ်းသားများကို သေဒဏ်စီရင်သည့် ဗီဒီယိုမှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အဆိုပါဗီဒီယိုတွင် ပါဝင်သည့် နိုင်ငံခြားသား ကလေးစစ်သားများသည် ဗြိတိန်၊ အီဂျစ်၊ ကဒ်ရှ်၊ တူနီးရှားနှင့် ဥပကစ္စတန် နိုင်ငံသားများဖြစ်သည်ဟု သိရသည်။

အဆိုပါ ဗီဒီယိုမှာ ISIS တို့ ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ဆီးရီးယားနိုင်ငံ အာရပ်ကွာပြည်နယ်တွင် ရိုက်ကူး ခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖက်တိုက်ခိုက်မှု စီစစ်သုံးသပ်ရေး ကုမ္ပဏီတစ်ခု၏ အဆိုအရ သိရသည်။

ISIS သည် ကလေးစစ်သားစုဆောင်းမှုကို စာရွက်စာတမ်းများ စနစ်တကျ ပြုလုပ်လေ့ရှိသည့် သမိုင်းကြောင်း ရှိပြီး သူတို့ကို ကြမ်းတမ်းစက်ဆုပ်သည့် လုပ်ဆောင်ချက်များကိုသာ လုပ်ဆောင်စေခဲ့သည်။

CNN မှ ဖေဖော်ဝါရီလတွင် တင်ဆက်သည့်သတင်းတွင် အူလိုဂိုက်(စ်) ၈၈ ကလေးစစ်သားများ အဖွဲ့သည် စစ်ပွဲတွင် ပါဝင်သတ်ဖြတ်ခဲ့ကြပြီး အများစုမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့မှ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဂျာမန်မဂ္ဂဇင်း ဒါ စပီးဂယ်၏ ခန့်မှန်းချက်အရ ယခုအချိန်တွင် အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ISIS ကလေးစစ်သား ၁၅၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ISIS သည် အမေရိကန်ဦးဆောင်သည့် လေကြောင်းစစ် ဆင်ရေးနှင့် ကြုံတွေ့စဉ်ကလည်း ကလေးစစ်သားများကို ၎င်းတို့အသုံးပြုခဲ့သည်ဆိုသည့် ဝါဒဖြန့်ဗီဒီယိုကို ၂၀၁၅ ခုနှစ်တွင် ထုတ်လွှင့်ခဲ့သည်ဟု ကျွမ်းကျင်သူတစ်ဦးမှ ဂျာမာန်မီဒီယာသို့ ပြောကြားသွားခဲ့သည်။

Source: Huffington Post

No comments: