Friday, August 26, 2016

Free to Air Channel (၅) ခုအတွက် TUN GROUP ASIA ကုမ္ပဏီ လီမီတက်မှ ရွေးချယ်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ Free to Air Channel (၅) ခုအတွက် လျှောက်ထားသူများကို
TUN GROUP ASIA ကုမ္ပဏီလီမီတက်မှ ရွေးချယ်ရန်စီစဉ်ထားကြောင်း မြန်မာ့အသံနှင့် ရုပ်မြင့်သံကြားမှ
သိရှိရသည်။

“ရုပ်သံလွှင့်မီဒီယာဥပဒေကို လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖို့ ဆောင်ရွက်နေချိန်မှာ ရုပ်သံလိုင်း လုပ်ကို်င်လိုသူတွေကို လုပ်ကိုင်နိုင်အောင်လို့ ဖိတ်ခေါ်တာပါ။ အားလုံး ပါဝင်နိုင်အောင် ဖိတ်ခေါ်ပါတယ်။” ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးက ပြောသည်။

သြဂုတ်လ ၂၅ ရက်နေ့၊ နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးရုံး၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရုပ်သံလိုင်း ထည့်သွင်းထုတ်လုပ်ခြင်း ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လိုသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုမ္ဗဏီတည်ထောင်သူ တစ်ဦးဖြစ်သည့် ဦးချစ်ထွန်းဖေက တင်ဒါလုပ်ငန်းစဉ်များကို စိတ်ပါဝင်စားသည့် ကုမ္ပဏီမှ တက်ရောက်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

ရုပ်သံထည့်သွင်း လုပ်ကိုင်လိုသူများအနေဖြင့် စက်တင်ဘာ(၂၂)ရက်နေ့ နောက်ဆုံးထားပြီး EOI တင်သွင်းရမည် ဖြစ်ကြောင်း၊ EOI တွင် လုပ်ကိုင်လိုသူများအတွက် အဓိက အချက် ၈ ချက်သာ သတ်မှတ်ထားကြောင်း သိရသည်။

“ဒီလုပ်ငန်းကလည်း မီဒီယာလုပ်ငန်းဖြစ်တဲ့အတွက် မီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေကိုပဲ ဦးစားပေး ရွေးချယ်သင့်ပါတယ်”ဟု ကမာရွတ် ရုပ်သံ မီဒီယာကို ဦးဆောင် တည်ထောင်သူက ပြောသည်။

အဆိုပါ လိုင်းအတွက် လစဉ်ကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၂၀၀ ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ပေးချေရမည်ဖြစ်ကြောင်းလည်း သိရသည်။
MMK
The Ladies News

No comments: