အစိုးရသစ်လက်ထက် တွင် တရားဥပဒေစိုးမိုးမှုကိုပထမ ဆုံးစိန်ခေါ်မှုဖြစ်သော လေး
လောင်းပြိုင်လူသတ်မှုဖြစ်စဉ်အ ပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်က
အထူးစိတ်ဝင်စားနေပြီး လမ်းကြောင်း မလွဲစေရန် စောင့် ကြည့်သွားမည်ဟု
သတင်းရရှိ သည်။
မင်္ဂလာဒုံမြို့နယ်တွင်ဖြစ် ပွားခဲ့သော လေးလောင်းပြိုင်လူ သတ်မှုသည် ပြည်သူများ၏ အေး ချမ်းသာယာရေးကို စိန်ခေါ်သလို ဖြစ်နေပြီး ရဲလုပ်ငန်းစဉ်နှင့် ယင်း အမှုကိစ္စကို လမ်းလွှဲခြင်းမျိုး မ ဖြစ်စေရန် လေ့လာစောင့်ကြည့် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားစီရင် ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင် ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့် လွင်ကပြောသည်။
‘‘ဒီကိစ္စက အစိုးရသစ်လက် ထက်မှာ ပထမဆုံးဖြစ်သွားတာ ပေါ့။ ပြည်သူတွေရဲ့ အေးချမ်းသာ ယာရေးကိုစိန်ခေါ်သလိုဖြစ်နေ တယ်။ လွှတ်တော်က အထူးစိတ် ၀င်စားနေတယ်။ စိတ်လည်းမ ကောင်းဘူး’’ဟု ဦးမြင့်လွင်က ပြောသည်။
အထက်ပါကော်မတီသည် သြဂုတ် ၁ ရက်ကစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များမှ တရားရုံး၊ မြို့မရဲစခန်း၊ ဥပဒေရုံးများသို့ သွားရောက်ကာ ပြည်သူများ၏ လုံခြုံရေးအတွက် တရားစီရင်ရေးနှင့် ဥပဒေစိုးမိုး ရေးရရှိစေရန် ရဲမှူးများ၊ တရား သူကြီးများနှင့် တွေ့ဆုံဆွေးနွေး နေပြီး လက်ရှိတွင် မြို့နယ် ၁၂ ခုသို့ သွားရောက်ခဲ့ပြီးဖြစ်သည် ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် တရားစီရင်ရေး၊ ဥပဒေ စိုး မိုးရေးနှင့် တိုင်ကြားစာများ၊အသ နားခံစာများ စိစစ်ရေးကော်မတီ သည် သြဂုတ် ၂၃ ရက်တွင် မင်္ဂလာဒုံမြို့နယ်သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း အခြား အစည်းအဝေးနှင့် အလုပ်ရုံဆွေး နွေးပွဲများရှိနေ၍ စက်တင်ဘာ လဆန်းရက်များတွင် သွားရောက် မည်ဟုကော်မတီဝင်တစ်ဦးဖြစ် သူ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော် ထွန်းကပြောသည်။
‘‘အရေးကြီးကိစ္စ ဖြစ်နေ တော့ သွားဖြစ်အောင်သွားမှာပါ။ သွားမယ်လို့ ရက်ရွေးထားပြီးသား ဖြစ်တော့ အစားပြန်ပေးရမယ်။ ကော်မတီအစည်းအဝေး ဆုံးဖြတ် ချက်နဲ့အညီ လုပ်ဆောင်သွားမှာ ပါ’’ ဟု လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦး ကျော်ကျော်ထွန်းက ပြောသည်။
အဆိုပါ ကော်မတီသည် လွှတ်တော် နားရက်များတွင် တရားရုံးများနှင့် ရဲစခန်းများသို့ ကွင်းဆင်းကြည့်ရှု၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့အစည်းအဝေး၌ တွေ့ရှိ ခဲ့သော အကြောင်းအရာများကို လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြရကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ် ပတ္တမြား မြို့သစ်၌ အငြိမ်းစား ရဲအရာရှိ နှင့် ၎င်း၏ မိသားစုဝင်လေးဦးတို့ သည် သြဂုတ် ၂၀ ရက် အစောပိုင်းက ရက်စက်စွာ အသတ်ခံခဲ့ရပြီး လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်၍ သံသယရှိသူများကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

No comments:
Post a Comment