သြစတြေလျနိုင်ငံသား အဖိုးတန်သတ္ထု
ရှာသူတဦးဟာ ဒေါ်လာနှစ်သိန်းလောက် တန်မယ်လို့ ခန့်မှန်းရတဲ့
လေးကီလိုကျော်လေးတဲ့ ရွှေတုံးတကြီးတတုံးကို တူးဖော်နိုင်လိုက်ပါတယ်။
အခုလို
တူးဖော်နိုင်လိုက်တဲ့ အမျိုးသားဟာ ဝိတိုရိယပြည်နယ်က ရွှေတြိဂံလို့ ခေါ်တဲ့
သမိုင်းဝင် သတ္ထုတွင်းတူးတဲ့နေရာမှာ စမ်းသပ် ရှာဖွေနေခဲ့တာဖြစ်ပြီး
ပထမတော့ မြင်းခွာဟောင်းတခုလို့ ထင်ခဲ့တာလို့ ပြောပါတယ်။တူးရင်း တူးရင်းကနေ ရွှေတုံး အတုံးလိုက်ကို တွေ့သွားတာ ဖြစ်ပါတယ်။
တူးဖော်လိုက်သူဟာ ဘယ်လို လုပ်ရကောင်းမှန်း မသိပဲ အလူမီနီယံပြားနဲ့ ပတ်ပြီး သူ့အိမ်က မီးဖိုထဲ ထည့်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒီရွှေတုံးကြီးဟာ အခုအချိန်မှာတော့ ဘဏ်တခုထဲ မီးခံသေတ္တာထဲရောက်နေပြီး ဒီရွှေတုံးကို လေလံပစ်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment