…….ငွေပေးလျင် အားလုံးကို ဖမ်းပေးမယ် ဥပဒေလာမပြောနဲ့….
ဖြစ်ရပ်မှန် ဆောင်းပါး
မေမြို့ နဝရတ်လမ်းနှင့် ရတနာ လမ်းကြား ရတနာလမ်းသွယ် ( ၁ )
ပန်ဒိုရာ အဆီချ လုပ်ငန်း လုပ်ကိုင်ခဲ့သည်မှာ ၁၀ နှစ် သာသာ ရှိပြီလို့ ဆိုပါတယ်။
အဆိုပါ ပန်ဒိုရာ ပိုင်ရှင် ဒေါ်တင်နွယ်မောင် သည် ၄င်း၏ အကြောလျော့
အဆီချလုပ်ငန်းအား နိုင်ငံတကာ အသိမှတ်ပြု တက်ရောက်ခဲ့ခြင်းမရှိပဲ
ထိုင်းနိုင်ငံ ဆူကွန်ဗစ်ရှိ ထိုင်း အမျိုးသမီး အလှ ပြုပြင်ရေးဆိုင်တွင်
တရားမ၀င် အလုပ်သမား အနေဖြင့် (၇) ခန့်ကြာမျှ သွားရောက်လုပ်ကိုင်ပြီး
တတ်မြောက်ခဲ့သော ပညာရပ်တစ်ခု ဖြစ်ကြောင်း သိရသည်။
ထိုနောက်
ယခုပြောဆိုနေကြသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင် အရာရှိတစ်နှင့်
ထိုင်းနိုင်ငံ မြ၀တီတွင် တွေ့ဆုံကြပြီး ပေါင်းသင်းခဲ့ကြပြီးနောက်
ငြိမ်းချမ်းရေး ဖြစ်စဉ် လုပ်ငန်းများအရ အဆိုပါ တိုင်းရင်သား လက်နက်ကိုင်
အရာရှိမှ အထက်ဖေါ်ပြပါ မေမြို့တွင် ၄င်း၏ ယူနီဖေါင်းအားကိုးမှုအပြင်
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ အခွင့်လမ်းများကို အသုံးပြု၍ အဆိုပါ ပန်ဒိုရာ
အဆီကျလုပ်ငန်း ဆိုင်အား သက်ဆိုင်ရာတို့နှင့် ပူးပေါင်း ငွေပေး၍
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၎င်းတို့ ဖွင့်လှစ်ထားသော အဆိုပါ
ပန်ဒိုရာ အဆီချ လုပ်ငန်း ဆိုင်တွင် အညာဒေသမှ ဆင်းရဲသော
အမျိုးသမီးငယ်များနှင့် အခြားမဖွဲ့ဖြိုး မတိုးတက်သေးသော တိုင်းရင်သား
နယ်မြေပေါင်းစုံမှ အမျိုးသမီးငယ်များအား ခေါ်ယုခိုင်းစေပြီ လုံလောက်သော
အထောက်ပံ့ ခံစားခွင့်များ မပေးပဲ လူသားမဆန်သော နှိပ်စက် ညှင်းပမ်းမှု များ
မကြာခန ရှိနေပြီး ၄င်းတို့ အသုံးမပြုလိုတော့သော အလုပ်သမ လေးများကို
သက်ဆိုင်ရာ ရဲစခန်းနှင့် ပူပေါင်း၍ ပစ္စည်းခိုးယူမှု အပြင် အခြားသော
အမှုများ ဖွင့်လှစ် ၍ ငွေပေး ဆောင်ရွက်ခိုင်းနေသော အခြေနေများ တောက်လျောက်
လုပ်နေသည်ဟုလည်း သိရသည်။
ဖြစ်စဉ်မှတ်တမ်းများအရ ပလောင်
အမျိုးသမီးဖြစ်သူ ( မဝင်းဝင်းမော်) အား ၆လပိုင်း လကုန်ရန် ၃ ရက် အလိုတွင်
ည ၁၂ နာရီ အချိန် မီးပူတိုက်နေစဉ်တွင် သူမ၏ သဘောဖြင့် ရှေ့ဆံပင်ကို
ဖြတ်တောက်လိုက်သည်ဟု ဆိုပြီး အဆိုပါ အမျိုးသမီးငယ်၏ ပါးနှစ်ဖက်အား ဘယ်ညာ
အချက်ပေါင်းများစွာ ရိုက်နှက်ကြောင်း ထိုနောက် ဆောင့်တွန်းချ ၍ ခြေဖြင့်
ကန်ကျောက်ခံရရာ ရာခါးနာသော ဝေဒနာ ခံစားခဲ့ရကြောင်းလည်း သိရသည်။
နောက်တနေ့နံက် ၉ နာရီ ခန့်တွင် ထပ်မံ၍ ရိုက်နက် ခံရခြင်းကြောင့် အဆိုပါ
တိုင်းရင်သူမလေးသည် မြန်မာစကားကိုသေချာမပြေတတ်သော ပလောင်တိုင်းရင်သူလေးမှာ
(၂၃ . ၇ . ၂၀၁၆ ) က မန္တလေး ၆၃ လမ်း ၂၇ x၂၈ ကြား ရှိ ပန်ဒိုရာ အဆီချလုပ်ငန်း
သို့ ပစ္စည်းများ သိမ်း ခိုင်းရာမှ ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး သူမ
ဖြစ်စဉ် များကို ဖွင့်ချခဲ့လေသည်။
ပလောင်းမလေးဟာ အိမ်သာ ရေဘာ မပိတ်လို့ဆိုပြီး အိမ်သာပေါ်မှာ အတက်မခံဘဲ ပလပ်စတစ် အိုးတလုံး ဝယ်ပြီး ပါခဲ့ရပါတယ် တဲ့ ။
ထိုနောက် အဆိုပါ တိုင်းရင်းသူအား ကစ္စည်း ခိုးယူမှုဖြင့် အမှု့ဖွင့်ခဲ့ပြီး
ရဲအုပ်စိုးလင်းမှ အဆိုပါ တိုင်းရင်သူလေးအား လိုက်လံ ဖမ်းဆီးရန် အခကြေးငွေ
လက်ခံဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပန်ဒိုရာ ပိုင်ရှင်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ အရာရှိဖြစ်သူသည် ၄င်းအနေဖြင့်
ကိုယ်ပိုင်အိမ်ခြံမြေ ယာဉ် စသော အရာများကို ၄င်း၏ နာမည်ဖြင့်
ဝယ်ယူခြင်းမ၇ှိပဲ အခြားသော သူများ၏ နာမည်များကိုသာ အသုံးပြုခြင်း ၊
မှတ်ပုံတင် ခွဲပေါင်း ( ၁၀ ) ခုထက် မနည်း ကိုင်ဆောင်ခြင်းများ ရှိကြောင်း
နှင့် နာမည် ( ၁၀) မျိုးထက်မက ၄င်းတွင် ၇ှိကြောင်း အလုပ်သမများမှ
ကြောက်ရွံ့စွာဖြင့် ထွက်ပြေးလာပြီးနောက် ဖွင့်ဟပြောဆိုလေသည်။
ဇူလိုင်လ ၂၀ ရက်နေ့ ၂၀၁၆ ခုနှစ်တွင် အဆိုပါပန်ဒိုရာ အဆီချ လုပ်ငန်း
အလုပ်သူမ ငယ်များအပေါ် တရားဆွဲဆိုခဲ့ရာတွင် အဆိုပါ လုပ်ငန်းမှ မန်နေဂျာ
ဖြစ်သူ အမျိုးသမီးနှင့် တကွ အလုပ်သမား( ၁၀) ဦးကျော်မှာ ချမ်းအေးသာဇံ
တရားရုံး ရုံချိန်းတွင် သမီးတို့ ကိုကယ်ပါ သမီးတို့ မနေနိုင်တော့
ပါဘူးဆိုပြီး အော်ဟစ်အကူညီတောင်း ပါသဖြင့် မန္တလေးတွင် လူမှုကယ်ဆယ်ရေး
စောက်ရှောက်ရေး အား မိမိအသိစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးနေသော
ဒေါ်အမာနီမှ ကူညီပေး ဆောင်ရွက်ခဲ့ရပြီး စောင့်ရှောက်ခဲ့ကြောင်း သိရသည်။
ထူးခြား ဖြစ်စဉ်အရ ၆၃ လမ်း ၂၇ x ၂၈ ကြားက ပန်ဒိုရာ အဆီချ လုပ်ငန်း မှ
အလုပ်သမား မဇာလီဝင်း အား နှိတ်စက် မှု့ ကြောင့် တရားစွဲ ဆိုထားသော အမှု့ တွင်
အဆိုပါ အလုပ်သမားအမျိုးသီး၏ ပါးကိုအကြိမ်ပေါင်းမြောက်များစွာ ရိုက်
ခေါင်းကို ကိုင်ဆောင့်ခံခဲ့ရပြီး လစာမဲ့ ကျွန်ပြုခံရသူ မြင်းခြံမြို့ နယ်
ကုလ ရွာမှ မြန်မာ မလေး မပိန်ပိန် ´´ ဖြစ်ကြောင်းသိရပြီး
ရိုးသားပြီးကြောက်တတ်သူ မိသားစု စားဝတ်နေရေး ပြေလည် အောင် အသက်ငယ်ငယ် နှင့်
မြို့ တက် ပြီး လုပ်ကိုင်ရှာဖွေ စားသောက်ရ ရှာသော တောသူ ကလေးများရဲ့ ဘဝဟာ
မလုံခြုံ သော ပတ်ဝန်ကျင်တွင် နေထိုင်ရပြီး လစာမရ ထမင်းဝအောင်မစားရ ပဲ
လူ့အခွင့်ရေးအချိုးဖောက် ခံနေရ ကြောင်း သိရသည်။
သူမမပိန်ပိန် အသက်က ၂၃
နှစ် မန္တလေး ၂၇ × ၂၈ ကြား ၆၃ လမ်း နှင့် မေမြို့ နဝရတ် လမ်း နှင့်
ရတနာလမ်းကြား ရတနာလမ်းသွယ် ၁ မှ ပန်ဒိုရာ အဆီချ လုပ်ငန်း ဆိုင်ကို ၂
နှစ်ကျော် ကြာအလုပ်လုပ်ခဲ့ပြီး နှိပ်စက်ခံရကြောင်း သိရသည်။
သူမအား လစာ တစ်လ တွင် နှစ်သောင်း နှစ်သောင်းခွဲဖြင့် ပွဲစားမှ တဆင့် ခေါ်ယူခဲ့ကြောင်း လည်း သိရသည်။
အဆိုပါ ဖြစ်စဉ်များအား အကူညီပေးဆောင်ရွက်ခဲ့သူ မန္တလေးမှ
တက်ကြွလှုပ်ရှားသူလည်းဖြစ်သော ဒေါ်အမာနီအား အထက်တွင် ဖေါ်ပြခဲ့သော
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ဗိုလ်မှူးဟု ဆိုသော သူမှာ သက်ဆိုင်ရာ
ရဲစခန်းတွင် တရားဝင် မှုခင်း မရှိပဲ ဒေါ်အမာနီအာ ဖေါ်ပြထားသော ရဲအုပ်အား ငွေ(
၃) သိန်းပေး၍ ဖမ်းဆီးစေခိုင်းခဲ့ပြီး အဆိုပါ ၇ဲအုပ်မှ
တရားရုံးလုပ်ထုံးလုပ်နည်းများအား ဆန့်ကျင်၍ ဒေါ်အမာနီအား လမ်းပေါ်တွင်
ရဲဝတ်စုံဝတ်ဆင်ထားသော်လည်း သက်ဆိုင်ရာ ရဲကားနှင့် မဟုတ်ပဲ အဆိုပါ
တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်မှူး အဆင့်၇ှိသူ စီစဉ်ပေးသော ကားဖြင့်
အတင်းကြပ် ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တရားမမျှတသော
လူ့အခွင့်ရေးချိုးဖေါက်မှုများအား ဒေါ်အမာနီမှ နေပြည်တော်
ပြည်ထဲရေးရုံးချုပ်သို့၎င်း နိုင်ငံတော် အတိုင်ပင်ခံ
ဒေါ်အောင်ဆန်းစုကြည်ထံသို့၎င်းတင်ပြခဲ့ရာ အမှုအမှန် ဖြစ်ရပ်မှန်များအတွက်
တာဝန်ရှိ နိုင်ငံတော် အကြီးကဲများကိုယ်တိုင်ပင်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှိ၍ ယခုကဲ့သို ဥပဒေချိုးဖေါက်မှုများအား
နှာစေးနေကြကြောင်း တင်ပြလိုက်ပါသည်။
သက်ဆိုင်ရာ ပုဂ္ဂိုလ် တို့၏ဓါတ်ပုံနှင့် မဘသ ဆရာတော် ဦးဝီရသူအား ဆွမ်းကပ်နေသော ပုံများမှာ ဆက်စပ် ဖြစ်ကြောင်းပါ။
ဘက်မလိုက် သတင်းပါ
ဂိုလ်ရှယ်လေး
No comments:
Post a Comment