Saturday, August 6, 2016
ပါကစ္စတန် ရဟတ်ယာဉ်တစ်စင်းသည် သြဂုတ် ၄ ရက်က အာဖဂန် နစ္စတန်နိုင်ငံ လိုဂါပြည်နယ်တွင်း၌ အရေးပေါ် ဆင်းသက်စဉ် ပျက်ကျခဲ့ရာ ယင်းဒေသရှိ တာလီဘန် တပ်ဖွဲ့များက ရဟတ်ယာဉ်ပေါ်ပါ လူခုနစ်ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း ဒေသတွင်းသတင်း၌ ဖော်ပြသည်။
အဆိုပါ ရဟတ်ယာဉ်သည် အကြီးစားပြင်ဆင်မှု ပြုလုပ်ရန် ဥဇဘက် ကစ္စတန်နိုင်ငံသို့ ပျံသန်းလာစဉ် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ရဟတ်ယာဉ်မှူးက အာဖဂန်နစ္စတန်နိုင်ငံ လိုဂါပြည်နယ်တွင်းသို့ ဆင်းသက်ခဲ့ ဖွယ်ရှိကြောင်း၊ ယင်းပြည်နယ်မှာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးနွယ်စုများ နေထိုင်ရာ ကွာရမ်ဒေသနှင့် နယ်နိမိတ်ချင်းထိစပ်နေကြောင်း ဆာမာသတင်း၌ ဖော်ပြသည်။
ရဟတ်ယာဉ်ပေါ်တွင် ပါကစ္စတန်နိုင်ငံသား ရဟတ်ယာဉ်မှူး နှစ်ဦး၊ စက်မှုကျွမ်းကျင်သူ လေးဦးနှင့် ရုရှားနိုင်ငံသား လေကြောင်းလမ်းပြတစ်ဦးတို့ အပါအဝင် လူခုနစ်ဦး လိုက်ပါလာခဲ့ပြီး သြဂုတ် ၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှ စတင်ပျံသန်းခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ်ပေါ်ပါ ခုနစ်ဦးကို တာလီဘန်များက ဓားစာခံများအဖြစ် ဖမ်းဆီးထားသည်။ ရဟတ်ယာဉ် မပျက်ကျမီ မီးလောင်ခဲ့ပြီး ရဟတ် ယာဉ်ပေါ်ပါသူ ခုနစ်ဦး မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သတင်း တွင် ဖော်ပြသည်။ တာလီဘန်အဖွဲ့ဝင်များက ရဟတ်ယာဉ်ကို မီးရှို့ခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အမ်အိုင်-၁၇ အမျိုးအစား အဆိုပါ ရဟတ်ယာဉ်ကို ပါကစ္စတန် အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် အစိုးရက ပိုင်ဆိုင်သည်။ ပါကစ္စတန် နိုင်ငံခြားရေး ဌာနက အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းလျက်ရှိသည်။
ဆင်ဟွာ
MOI Webportal Myanmar
No comments:
Post a Comment