Thursday, August 25, 2016

တရားဝင်ရွှေ့ပြောင်း အလုပ်သမားများ၏ စာရွက်စာတမ်းများအား အလုပ်ရှင်က သိမ်းဆည်းထားခြင်း မပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန ကြေညာချက်ထုတ်ပြန်



Posted: August 25, 2016

ထိုင်းနိုင်ငံအတွင်း တရားဝင် လာရောက်အလုပ် လုပ်ကိုင်လျက် ရှိသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ စာရွက်စာတမ်း အထောက်အထားများအား သက်ဆိုင်ရာ အလုပ်ရှင်သူဌေးများမှ သိမ်းဆည်း ထားခြင်းမပြုကြရန် သြဂုတ် ၂၂ ရက်က ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ပြန်ကြားရေးမှူး မစ်ဖန်ဏီဆီယွတ်ထစတ်က ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထိုင်းနိုင်ငံတွင်း တရားဝင်လာရောက် အလုပ်လုပ်ကိုင်ကြသည့် ပြည်ပ အလုပ်သမားများ၏ ပတ်စ်ပို့၊ ဝါ့ပါမစ်နှင့် ပန်းရောင်ကတ်များ အား အလုပ်ကုမ္ပဏီများ၊ အလုပ်ရှင်သူဌေးများက သိမ်းဆည်း ထားခြင်းမပြုရန်၊ သိမ်းဆည်းထားပါက ၁၉၉၈ ခုနှစ် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၁ဝ ပြဋ္ဌာန်းထားချက်အရ အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ထောင်ဒဏ် ခြောက်လ ဒဏ်ငွေတစ်သိန်းထိ သိမ်းဆည်းထားသည့် အလုပ်ရှင်အား ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်သည်။

 

အလုပ်ရှင်သူဌေးမှ ယင်းဥပဒေကို ဖောက်ဖျက်ပါက အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်စောင့် ရှောက်ရေးဌာန (ဆဝါဒီကန်ခုန့်ခေါင်လိုင်ငန်)နှင့် ထိုင်းနိင်ငံ အတွင်းရှိ ခရိုင်နှင့် မြို့နယ်တိုင်းရှိ အလုပ်သမား ကာကွယ်ရေး ဌာနခွဲများတွင် တိုင်ကြားနိုင်ကြောင်း၊ စစ်ဆေးဖော် ထုတ် တွေ့ရှိပါက အဆိုပါအလုပ်ရှင်အား အရေးယူသွား မည်ဖြစ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများကလည်း မိမိအလုပ် လုပ်ကိုင်လျက်ရှိသည့် ခရိုင်နှင့်မြို့နယ်များတွင် အလုပ်သမား ကာကွယ်ရေး ဌာန (ဆဝါဒီကန်ခုန့်ခေါင်လိုင်ငန်) ရုံးတည်ရှိရာ နေရာအား လေ့လာသိရှိထား ရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံမှ သတင်းများအရ သိရသည်။

 

Ref: MOI

The Ladies News

No comments: