Tuesday, August 2, 2016

သတိထား ----------------

တိုင်းပြည်တစ်ပြည်မှာ သံဃာတော်တွေ ပဋိပက္ခဖြစ်လျှင်၊ အုပ်ချုပ်သူများ မညီမညွတ်ဖြစ်လျှင်၊
မိစ္ဆာဒိဋ္ဌိများ အင်အားများလျှင်၊
သာသနာ့ ထေရ်ကြီးဝါကြီးများကို ပြစ်မှားလျှင်၊ လူအများ ကိုယ်ကျင့်တရား ပျက်ဆီးသူများလျှင်....

လူအစုလိုက်အပြုံလိုက် သေခြင်း၊
ပြဿနာမျိုးစုံ ပေါ်ပေါက်ခြင်း၊
မကြားဝံ့မနာသာ သတင်းများ ကြားရခြင်း၊ ကပ်ဆိုက်ခြင်း... ဤသို့သော အကြောင်းတရားများ ဖြစ်တက်သည်။

အကုသိုလ် အကျိုးပေးချိန် ၅ ချိန်ရှိတယ်။
ခေတ်ဆိုးခေတ်ပျက် ကြုံတွေ့ချိန်၊ အချိန်မဲ့အခါမဲ့ သွားလာချိန်၊မတော်တဲ့အခါ နေမိချိန်၊
ပြောမှားဆိုမှား လုပ်မိချိန်၊
မိတ်ကောင်း ဆွေကောင်းကင်း မဲ့ချိန်...
ဤကဲ့သို့သော အချိန်မျိုးတွင် တစ်သံသရာလုံး ပြုလုပ်ခဲ့သော မကောင်းမှု့များ ဝင်ရောက်၍ အကျိုးပေးတက်သည်။

ထို့ကြောင့်
အပြောအဆို
အနေအထိုင်
အသွားအလာ
အစားအသောက် ခါတိုင်းထက်ပို၍ ဂရုစိုက်သင့်သည်။

မလိုအပ်ပဲ အသက် ဆုံးရှုံးတက်သည်။

Credit:  ဦးမြင့်ခိုင်

No comments: