Wednesday, August 17, 2016

အစိုးရသစ်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်၍ ဘာလုပ်ရမှန်းမသိဖြစ်နေဟု စီးပွားရေးပညာရှင် ရှောင်တာနယ်ဆို

လက်ရှိအစိုးရအနေဖြင့် ယခင်အစိုးရ သဘောတူ လုပ်ဆောင်ချက်များကို သေချာမသိရသေးသည့်အတွက် စီးပွားရေးမူဝါဒနှင့် ပတ်သက်ပြီး ဘာလုပ်ရမည်ကိုမသိဘဲ ဖြစ်နေကြောင်း မြန်မာ့စီးပွားရေး လေ့လာသူ ဒေါက်တာရှောင်တန်နယ်က သြဂုတ် ၁၆ ရက်ကပြောသည်။
 
စီးပွားရေး အပြောင်းအလဲလုပ်ဆောင်ရန် ယခင်အစိုးရ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်သော်လည်း ယခင်အစိုးရလက်ထက်က ချေးငွေရယူထားသည့် ပုံစံများ သဘောတူ ချုပ်ဆိုထားသည်များအား သေချာမသိနိုင်ခြင်း၊ လျှို့ဝှက်လုပ်ဆောင်ခဲ့ခြင်းများ ရှိခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍ တစ်ခုခြင်းစီ ဆက်လက်လုပ်ဆောင်ရန် အခက်အခဲများ ရှိနေခြင်းဖြစ်ကြောင်း အစိုးရ၏ စီးပွားရေးမူဝါဒများ ရေးဆွဲရာတွင် ပါဝင်ခဲ့သူ ရှောင်တာနယ်က ဆိုသည်။
 
 
"ခုနကပြောတဲ့ အချက်တော်တော်များများကို သူတိုမသိဘူးတဲ့။ ဘာဖြစ်လို့လဲဆို အရင်တုန်းက လုပ်ခဲ့ကိုင်ခဲ့တာတွေက လျှို့ဝှက်ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်ခဲ့တာဖြစ်တယ်။ အခု ကျွန်တော်တို့ ဘယ်ရောက်နေသလဲ မေးခွန်းကိုဖြေဖို့ဆို အဖြေမမေးနိုင်တာ အတော်ကြီးကိုကြာနေတယ်။ ကျွန်တော်တို့သွားချင်တဲ့ နေရာကိုသွားဖို့ဆိုတာ ဘယ်ရောက်နေသလဲ ဆိုတာ သိဖို့လိုအပ်ပါတယ်" ဟု ပြောသည်။
 
ယခုအချိန်တွင် ပြည်သူများက မိမိတို့ရွေးချယ်ထားသည့် အစိုးရတစ်ရပ် ဖြစ်သည့်အတွက် အချိန်အတိုင်းအတာ တစ်ခုအရလက်ခံသော်လည်း အချိန်ကြာလာသည့်အခါ စီးပွားရေးကိစ္စများ သိလိုလာမှုများ ရှိမည်ဖြစ်သည်။ ယင်းအတွက်လည်း အစိုးရသစ်အနေဖြင့် ပြည်သူများအား မိမိတို့လုပ်ဆောက်မှုများ ချပြရန်လိုအပ်ကြောင်း ယင်းကဆိုသည်။
 
ဒေါက်တာရှောင်တာနယ်က "ပြင်ပက လေ့လာသူအနေနဲ့ ကြည့်ရင် မြင်ရတာကတော့ အစိုးရ ၀န်ကြီးဌာန အရာရှိတွေ ၀န်ထမ်းတွေနဲ့ ၀န်ကြီးတွေကြားမှာ ခက်ခဲတဲ့ဟာတွေ လုပ်နေရတာမြင်ရပါတယ်။ ဘယ်ရောက် နေသလဲ၊ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲဆိုတာ မြင်ရတယ်။ ပြည်သူတွေက အစိုးရကို ဝေဖန်ကျတယ်ဆိုတဲ့ အချက်ထဲမှာ ခိုင်လုံတယ်၊ သင်တော်တယ်လို့ ထင်တဲ့အထဲက တစ်ချက်က အစိုးရ သူတို့ ဘယ်လိုတွေ လုပ်နေသလဲ၊ ဘာတွေဖြစ်နေသလဲဆိုတာ ရှင်းပြတဲ့ အားသာချက်မရှိပါဘူး။ အဲ့လိုရှင်းပြမှ ပြည်သူတစ်ရပ်လုံးက သိပြီးတော့ ကျေနပ်မယ့် အနေအထား ရမှာဖြစ်ပါတယ်" ဟု ပြောသည်။
 
မကြာသေးခင်ရက်ပိုင်း ၂၉ ရက်ခန့်က အစိုးရသစ်အနေဖြင့် စီးပွားရေးနှင့်ပတ်သက်ပြီး ဘာဖြစ်ချင်သလဲ၊ ဘယ်ကိုသွားမလဲဆိုတာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ယင်းထဲမှ အချက်အလက် အများစုသည် ရွေးကောက်ပွဲ စည်းရုံးရေး ကာလကတည်းက ပြောထားခဲ့သည်များဖြစ်ကြောင်း ယခုလက်ရှိ အနေအထားသည် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သိသည့် အပိုင်း ၁ ပြီးလုပြီးခင် ရောက်နေပြီဖြစ်သည့် ယခုဘယ်ရောက်နေပြီး ဘယ်ဆက်သွားမည် ဆိုသည့်အပိုင်း လာရန်ရှိနိုင်ကြောင်း မြန်မာ့စီးပွားရေး လေ့လာသူအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သူ ရှောင်တာနယ်က မှတ်ချက်ပြုသည်။
 
စိုင်းဟန်
The Ladies News
 blogger

No comments: