Saturday, August 6, 2016

လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု၌ အသတ်ဖြတ်ခံလိုက်ရသည့် ရွာသားများ၏ အလောင်းများပြန်လည်တူးဖော်စစ်ဆေးရာတွင် ဒေသခံများကို ပေးမ၀င် --- --- --- --- --- --- ---- --- ----


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာအုပ်စု၌ အသတ်ဖြတ်ခံ လိုက်ရသည့် ရွာသားများအမူအတွက် အလောင်းများပြန်လည်တူးဖော်စစ်ဆေးရာတွင် မိသားစုအပါအ၀င် ဒေသခံရွာသားများ ပေးမ၀င်ကြောင်း ဒေသခံရွာသားများပြောပြချက်အရ သိရသည်။
လွန်ခဲ့သည့် ဇွန်လ(၂၅)ရက်ခန့်က မိုင်းယော်ကျေးရွာအုပ်စုမှ ဒေသခံ ရွာသား၅ဦးသတ်ဖြတ်ခံရသည့် အမူ ကိစ္စအတွက် လာရှိုးမြို့နယ်မှ တာဝန်ရှိသူများ၊ရဲတပ်ဖွဲ့များ နှင့် မူခင်းဆရာဝန်များက အသတ်ခံရသည့် ရွာသားများ အလောင်းပြန်လည်တူးဖော်ရန်လာရောက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာယာယီအုပ်ချူပ်ရေးမှူးနှင့် ရွာသူကြီးမှ အပ ကျန်ဒေသခံရွာသားများ ကို အလောင်းစစ်ဆေးတူးဖော်သည့် လုပ်ငန်းအား ပေးမကြည့်ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

            ဒေသခံရွာသားတစ်ဦးဖြစ်သူ စိုင်းလောဝ်ဖက“ရွာသားတွေအလောင်းတူးဖို့ရွာက ယာယီကျေးရွာ အုပ်ချူပ်ရေးမှူးနဲ့အရင်ရွာသူကြီးဟောင်းကို လာခေါ်ကြတယ်။ ရွာသားတွေလိုက်ကြည့်မယ်လုပ်တော့ ပေးမ၀င်ဘူး။ ရွာသူကြီးနဲ့လိုက်သွားတဲ့ ရွာက လူငယ်တစ်ယောက်ဆို ဘယ်သူလဲဘာလည်းဘာလုပ်မလိုလဲ ဆိုပြီး မောင်းထုတ်တယ်” ဟု သြဂုတ်လ ၆ ရက်နေ့တွင် The Ladies News သို့ပြောသည်။
ထိုကဲ့သို့ ရွာသားများအား အတူ လိုက်ပါခွင့် မပေးသည့်အတွက် မြေပြင်အခြေရလဒ် အပေါ် စိုးရိမ်မိကြောင်း ယင်းအတွက်လည်း ရွာသူကြီးနှင့် ကျေးရွာ ယာယီအုပ်ချူပ်မှူး ပြန်လာလျှင်ကြားရမည့် ရလဒ် အခြေအနေကို စောင့်မျှော်နေကြကြောင်း ဒေသခံရွာသားများကဆိုသည်။
ရွာသားတစ်ဦးက“အခုထိတော့ သူတို့တွေပြန်မလာကြသေးဘူး။အုပ်ချူပ်ရေးမှူးအဖွဲ့ပြန်မလာသေးဘူး။ဒီကလည်းသွားမလို့ကိုပေးမသွားဘူး။ ကျနော်တို့လည်းစောင့်ကြည်နေတာပဲ”ဟု The ladies မှဆက်သွယ်မေးမြန်းရာတွင်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်တာဝန်ရှိသူများ ဆက်သွယ်မေးမြန်းရာတွင် လက်ရှိတွင် မြို့နယ်အဆင့် တာဝန်ရှိသူများပါဝင်သည့် စစ်ဆေးသည့်သူများ စစ်ဆေးဖို့ရန်အတွက် သွားကြကြောင်း မြေပြင်အခြေအနေအရ စစ်ဆေးတွေ့ရှိမူများအား ထိုစစ်ဆေးရေးသူများ ပြန်လာသည့်အချိန်မှ သိရှိနိုင်မည် ဖြစ်ကြောင်း The Ladies မှ နေလည် (၁)နာရီခန့်က ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားသည်။

            ထိုကဲ့သို့ရွာသားများအသတ်ခံရသည့် ကိစ္စအား ဇူလိုင် (၂၀)ရက်က တပ်မတော်ဘက် မှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ကမိုင်းယော် ရွာသား (၅) ဦး သတ်ဖြတ်ခံရမှုအား တပ်မတော်ဘက်မှ စစ်ဆေးရေးခုံရုံး ဖွဲ့စည်းဆောင်ရွက်လျှက်ရှိရာ စည်းကမ်းနှင့် မကိုက်ညီ သော အချက်အလက်များ တွေ့ရှိရသည့်အတွက် ဆက်လက်စစ်ဆေးနေကြောင်း နှင့် စစ်ဆေးတွေ့ရှိချက်များအပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ြုဖစ်ကြောင်း ပြောကြားခဲ့ခြင်းများရှိကြောင်း သတင်းများအရ သိရသည်။

မိုင်းယော်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် အရပ်သားများ သတ်ဖြတ်ခံရမှုတွင် တပ်မတော်စစ်ကြောင်းမှ ကျူးလွန်ကြောင်း ဒေသခံများက တပ်မတော်အပေါ် စွပ်စွဲထားသည်။
ရှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီး ရှို့ခံ ရခြင်း၊ ဒေသတွင်း လူငယ် နှင့် ခရီးသွားများ ဖမ်းဆီး ခံရခြင်း၊ဖမ်းဆီး သတ်ဖြတ်ခံရခြင်း နှင့် ဇွန်လ (၂၅) ရက်နေ့တွင် လားရှိုးကျေးလက်ဒေသခံများ ပတ်ခတ်ခံရမှုအပေါ်ဖြစ်ခဲ့သည်ဟုဆိုကာ အကြောင်းပြုကာ ဇူလိုင် (၁၆ )ရက်နေ့က လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံလူထု (၁၂၀၀ )ကျော် စုပေါင်းကာ ငြိမ်းချမ်းစွာဖြင့် ချီတက် ဆန္ဒပြ မှုပြုလုပ်ခဲ့ခြင်းများရှိကြောင်း သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

စိုင်းဟန်

The Ladies News

No comments: