Posted: August 25, 2016
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကောက်မာစီရယ်လ်တို့ တွေဆုံခဲ့စဉ်တွင် နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာတွင် သြဂုတ် ၂၅ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန်သံအမတ်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချူပ်ကြီး ကျော်ဆွေနှင့် ယခုလသီတင်းပတ် အစောပိုင်းက တွေ့ဆုံခဲ့စဉ်က တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များတွင် အမေရိကန်-မြန်မာတို့ အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ကနဦးဆွေးနွေးခဲ့သည်ဟု ဆိုထားသည်။
ယင်းနောက် အမေရိကန်သံအမတ်ကြီးက နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိစ္စရပ်တွင် ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် အားထုတ် လုပ်ဆောင်ခြင်းသည် မြန်မာ ဒီမိုကရေစီလမ်းကြောင်း အရေးပါကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ဖော်ပြချက်တွင် “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စရပ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ပါဝင်ရသော အခန်းကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဤသို့အားထုတ်ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းရေးအတွက် အရေးပါသည့် အကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသည်” ဟု ဖော်ပြထားသည်။
ဓာတ်ပုံ- U.S Embassy Rangoon
The Ladies News
No comments:
Post a Comment