Wednesday, August 24, 2016

ငဖဲမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ခြောက်ဦးအား ဖမ်းဆီးရမိ

 


ငဖဲ သြဂုတ် ၂၃

မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း တရား မဝင် ဝင်ရောက်လာသည့် ခြောက်ဦးအား သြဂုတ် ၂၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်လဝကရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက် ညနေ ၃ နာရီ ၅ မိနစ်က ငဖဲမြို့နယ် ဘုံးဘော ကျေးရွာ အနောက်တောင်ဘက် လေးမိုင် ခန့်အကွာရှိ ပနီချောင်းအနီးတွင် လူတစ်စု ရောက်ရှိနေကြောင်း သတင်းအရ ဂုတ်ကြီးရဲကင်းစခန်းမှ ရဲအုပ် ကျော်မျိုး ဦးစီးသည့် အဖွဲ့သည် ဘုံးဘောကျေးရွာ အနောက်တောင်ဘက် လေးမိုင်ခန့်အကွာ ပနီချောင်းအနီး မင်းဘူး-အမ်းကားလမ်း၊ နတ်ရေကန် (တောင်ရှောင် ကွင်းလမ်း)၏ တောင် ဘက် ၁ဝ မိုင်ခန့်အကွာရှိ တောထဲသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

 အဆိုပါ တောအတွင်းမှ အနူမာလိတ် (၂၅ နှစ်) ပြားမူကျေးရွာ ကျောက်တော်မြို့နယ်၊ မူဟာမက်ကံမာ (၁၉ နှစ်)၊ မော်ဂျီ (၁၅ နှစ်)၊ မာမွတ်ဂျော်နီ (၁၃ နှစ်)နှင့် မာမွတ် ရာတိ (၁၄ နှစ်) လက်ဆောင်ကောက် ကျေးရွာ ကျောက်တော်မြို့နယ်နေသူ များနှင့် ဟာဇူ (၁၆နှစ်) ပေစိကျေးရွာ ကျောက်တော်မြို့နယ် နေသူတို့အား ဖမ်းဆီးရမိခဲ့သည်။

ယင်းဖမ်းဆီးရမိသူ ခြောက်ဦး အား မြို့နယ်လဝကနှင့် ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၃)ဖြင့် အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လဝကရုံးမှ သိရသည်။

ကျော်ဇေယျ

No comments: