ရန်ကုန်၊ သြဂုတ် ၂၇
ပြည်သူများအနေနှင့်
မိမိတို့ ရွေးချယ် တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များထံ
လိုအပ်သည်များ ဆွေးနွေး၊ မေးမြန်းနိုင်မည့် တိုက်ရိုက် ဖုန်းခေါ်ဆိုမှု
အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ပြုလုပ်ရန်
စီစဉ်နေကြောင်း Blue Ocean Contact Center မှ ဦးအောင်အောင်ဇော်က
ပြောကြားသည်။
Hotline နံပါတ် ဝ၁-၂၃၉၉၁ဝ၈
သို့ ပေးပို့လာသည့် ပြည်သူများ၏ လိုအပ်ချက်များ၊ အကြံပြုချက်များကို Blue
Ocean Contact Center မှ လက်ခံရယူပြီး လွှတ်တော်ကိုယ်စားလှယ်များထံ
အချိန်နှင့်တစ်ပြေးညီ ပေးပို့မည်ဖြစ်ပြီး မကြာမီတွင် အမျိုးသားလွှတ်တော်၊
ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက
ယခုဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ၊ အကြံပြုချက်များ၊ တိုင်ကြားချက်များကို
ဖြေကြားမည့် အစီအစဉ်များ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှ
သိရှိရသည်။
No comments:
Post a Comment