Monday, August 1, 2016

ပါရာဂွေးမှာ ထောင်ကျနေတဲ့ မူးယစ်ရာဇာတစ်ဦးရဲ့ ထောင်ထဲက အခန်းတဲ့ ---------------------------------

#AlsoInNews

မူးယစ်ရာဇာတစ်ဦး ထောင်ကျနေတဲ့ ထောင်ထဲက အခန်းကို ရဲတွေ ဝင်စစ်တဲ့အခါ ရဲအားလုံး ဟိုက်ရှားဘား ဖြစ်သွားပါတယ်။

ကြည့်ဦးလေ ဇိမ်ခံဟိုတယ်ထဲက အခန်းအတိုင်းပဲ ကျကျနန ပြင်ဆင်ပြီးတော့ နေနေတာ။

အခန်း သုံးခန်း ယူထားတယ်။ စည်းဝေးခန်း ပါတယ်။ ပလက်စမာ တီဗီစခရင်နဲ့ ရုပ်မြင်သံကြားစက် ရှိတယ်။ စာကြည့်တိုက် ရှိတယ်။ မီးဖိုခန်းလေးတောင် ပါသေးတယ်။

ဘရာဇီး မူးယစ်ရာဇာ ဂျာဗစ်ချီမီနက်စ်ပါဗို တစ်ယောက် ပါရာဂွေးမှာ ထောင်ကျနေတာ ဖြစ်ပါတယ်။

အဆိုပါ အခန်းကို ရဲတွေက ဖြုတ်သိမ်း လိုက်ပြီဖြစ်ကြောင်း ပါရာဂွေး မီဒီယာတွေက ဖော်ပြထားပါတယ်။

အခန်းကို ဖျက်ဆီးတဲ့အခါ ဘာထပ်တွေ့လဲဆိုတော့ ပါဗိုဟာ ထောင်နံရံကို ဖောက်ခွဲပြီး ထွက်ပြေးဖို့ ပြင်ဆင်နေတာကိုပါ သိလိုက်ရပါသတဲ့။

ပါဗိုဟာ ပါရာဂွေးမှာ ငွေကြေး ခဝါချမှုနဲ့ အဖမ်းခံနေရတာ ဖြစ်ပြီး နောင်နှစ်ဆို လွတ်မှာဖြစ်ပြီးတော့ ပါရာဂွေး အာဏာပိုင်တွေက ဘရာဇီးကို ပြန်ပို့မှာ ဖြစ်ပါတယ်။

ခုတော့ သူ့ရဲ့ ဟိုတယ်လို အခန်းထဲကနေ ထောင်ထဲက အထူးခန်းကို ရွှေ့ထားလိုက်ပါပြီ။

အကျဉ်းဦးစီးဌာနက ဘယ်အရာရှိတွေဟာ လာဘ်စားပြီး ထောင်ထဲမှာ ဟိုတယ်ခန်း ဆောက်ပေးထားတယ် ဆိုတာကို ရဲတွေက စစ်ဆေးနေပြီ ဖြစ်ပါတယ်။

မူးယစ်ရာဇာကြီးဟာ ထောင်ထဲမှာ လူချစ်လူခင် ပေါတယ်လို့ အကျဉ်းသား တစ်ဦးဖြစ်သူ အန်တိုနီယိုဂွန်ဇာလက်က ဆိုပါတယ်။

No comments: