Wednesday, August 24, 2016

 21ပင်လုံတက်မည့် ကေအိုင်အေနှင့် တပ်မတော် နေ့စဉ်လိုလို ထိတွေ့မှုများဖြစ်နေ

ကချင်ပြည်နယ်၏ အဓိက တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် မြစ်ကြီးနား- ကန်ပိုက်တီး လမ်းကြောင်း အနီးတွင် မြန်မာ့တပ်မတော်နှင့် KIA တို့ကြား ထိတွေ့ တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားလျက် ရှိကြောင်း KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူကThe Ladies သို့ပြောသည်။

 

“ကျွန်တော်တို့ ကေအိုင်အေ တပ်မဟာ ၅ တပ်ရင်း ၃ နေရာမှာ ဒီနေ့နေ့လယ်ပိုင်း ရဟတ်ယာဉ် နှစ်စင်းနဲ့ တိုက်တယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိကျတဲ့သတင်းအခိုင်အမာ တော့ မရှိသေးဘူးခင်ဗျ။ နေ့တိုင်းလိုလို အခုတလောတော့ တိုက်ပွဲတွေဖြစ်တယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်တာမျိုးတော့ မရှိပါဘူး” ဟု ဒုတိယဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 

ရန်ကုန်တွင် ရောက်နေသည့် ကေအိုင်အိုပါဝင်သည့် UNFC တိုင်းရင်းသား တပ်ပေါင်းစု ကိုယ်စားလှယ်အဖွဲ့မှာ ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး အစည်းဝေးကျင်းပရေး ပူးတွဲကော်မတီတွင်လည်း ကေအိုင်အို အဖွဲ့မှ ပါဝင်နေပါသည်။

 

ကန်ပိုက်တီးလမ်းမနှင့် အနီး ဆဒုံးဒေသရှိ ကေအိုင်အေ တပ်စခန်းများကို တပ်မတော်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ပြီးခဲ့သည့် သီတင်းပတ်မှစတင်ကာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ တပ်ပေါင်းစု အဖွဲ့ဝင်များမှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။

 

“ကျွန်တော် သုံးသပ်တာကတော့ မြန်မာ့တပ်မတော်ဘက်ကနေ KIA ကေအိုင်အိုကို အန်စီအေ လက်မှတ် မထိုးတဲ့အတွက် အန်စီအေလက်မှတ် ထိုးအောင် ဖိအားပေးတဲ့သဘောမျိုးနဲ့ စစ်ဆင်ရေးများ လုပ်သလားဆိုတဲ့ သဘောတော့ ရှိပါတယ်။ ဒါက ထင်မြင်ယူဆချက်ပေါ့” ဟု ဒုဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

 

ဇော်မင်းထွန်း

The Ladies News

No comments: