Saturday, June 25, 2016

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးကြိုးပမ်းသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုကတိပြု

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သာများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ကတိပြုပြောဆိုသည်.

မြန်မာအလုပ်သမားတွေကို ကာကွယ်ပေးဖို့ အခြေခံ အခွင့်ရေးရသင့်ရထိုက်တာတွေရစေဖို့ သဘောတူကြပါတယ်။ ထိုင်းရဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာလုပ်သားတွေဟာ လွတ်လပ်မှုတွေနဲ့ အတူခံစားခွင့်တွေရဖို့ သဘောတူပါတယ်။ ထိုင်းအနေနဲ့ အရင်ကတည်းက တတ်နိုင်သမျှ လုပ်သားအရေးနဲ့ ပတ်သက်လို့ အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်။ ဟု ပရာယုချန်အိုချာက ဇွန်လ ၂၄ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသား များနှင့်တန်းတူ ကျန်းမာရေး၊ ပညာရေး စောင့်ရှောက်မှုများပေး ရန် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အလုပ်သမားအရေးအပါဝင် ထိုင်းခရီးစဉ်အတွင်း သဘောတူစာချုပ် ၃ ခု ချုပ်ဆိုနိုင်ခဲ့ပြီး အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာသည် နှစ်နိုင်ငံအကြားအလုပ်သမားများ ပေးပို့ခြင်း နှင့် လက်ခံခြင်းတို့တွင် ပွင့်လင်းမြင်သာ၍ ထိရောက်မှုရှိစေရန် ၊ လူကုန်ကူးမှုများမှ အကာကွယ်ပေးရေး စသည့်အချက်များမှာလည်း အကျုံးဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ ၀န်ကြီးချုပ်က ပညာရေးအတွက် ဘတ်သန်း ၅၀၀၊ ကျန်းမာရေးကဏ္ဍအတွက် ဘတ်သန်း ၅၀၀ အစိုးရက ချမှတ်ပေးထားပါကြောင်း၊ မြန်မာအလုပ်သမားများ သည်လည်း ထိုင်း အလုပ်သမားများကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာတွင် ယနေ့ ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထိုင်းနိုင်ငံ တွင်ရောက်ရှိနေ သည့် မြန်မာ အလုပ်သမားများ တရားဝင်အလုပ်လုပ်ကိုင်ခွင့်များ ရရှိစေ လိုပါကြောင်း၊ ငါးဖမ်း သင်္ဘောများ တွင် ရောက်နေ သည့် မြန်မာ အလုပ်သမား များ လူကုန်ကူးခံရခြင်း၊ နှိပ်စက်ခံရခြင်း မရှိစေရန်လည်း နယ်မြေခံတာဝန်ရှိ ပုဂ္ဂိုလ်များက ကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံနယ် နိမိတ် တိုင်းတာရေး လုပ်ငန်းများ ကိုလည်း ဆောလျင် စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နယ်နိမိတ်ဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံကို ခွဲခြားထားခြင်း မဟုတ်ဘဲ နှစ်နိုင်ငံ အတူတကွ Share လုပ်သည့် နေရာဖြစ်ကြောင်း၊ မည်ကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ နေထိုင် သွားမည်ကို နှစ်နိုင်ငံ အစိုးရများ က ဆောင်ရွက် သွားရန် လိုကြောင်း၊ နှစ်နိုင်ငံ ပြဿနာ များကို ဖြေရှင်းရာ တွင်လည်း ညှိနှိုင်းစေ့စပ် ဖြေရှင်း ရန် လိုကြောင်း ပြောကြားသည်။

The Ladies News

No comments: