Tuesday, June 21, 2016
-မြန်မာနိုင်ငံအပါ အ၀င် အာဆီယံဒေသတွင်းအဖွဲ့ဝင် ငါးနိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် လွတ်လပ်စွာသွား လာနိုင်ရေးအတွက် ငါးနိုင်ငံ ခရီးသွားလာရေးဝန်ကြီး ဌာနမှ ခေါင်းဆောင်များညှိနှိုင်းထား ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့သို့ လည် ပတ်မည့် ခရီးသွားဧည့်များသည် တစ်နိုင်ငံတွင် ဗီဇာတစ်ခုပြု လုပ်ရုံဖြင့် ကျန်လေးနိုင်ငံကို ဗီဇာသွားရန် ဗီဇာ ထပ်မံပြုလုပ်ရန်မလိုဘဲ သွားလာလည် ပတ်နိုင်ရန် ညှိနှိုင်းထားခြင်းဖြစ်သည်။
ဘန်ကောက်မြို့တွင်ကျင်းပခဲ့ သည့် အာဆီယံဒေသတွင်းအဖွဲ့ဝင် နိုင်ငံ ငါးနိုင်ငံ၏ ခရီးသွားဝန်ကြီး များတွေ့ဆုံသည့် CLMVT-2016 Forum တွင် အဆိုပါငါးနိုင်ငံမှ ခရီး သွားဝန်ကြီးများက ညှိနှိုင်းဆွေးနွေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗီဇာစနစ်ကို ကျင့်သုံး နိုင်ရေးအပြင် နယ်စပ်ဖြတ်ကျော် သွားလာရေးတွင် ချောမွေ့မှုရှိသော ယန္တရားတစ်ရပ်ဖြစ်ပေါ် လာစေရေး၊ ငါးနိုင်ငံသည် မိုးကာလတွင် ခရီးသွား အ၀င်နည်းလေ့ရှိသည့်အတွက် နိုင်ငံ တကာခရီးသွားဧည့်များကို ဆွဲဆောင် နိုင်သည့် စိုက်ပျိုးရေးရာသီ အဖြစ်ပုံ ဖော်ရေးနှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ငါးနိုင်ငံကြား ပိုမို ပူးပေါင်းဆောင်ရွက်သွားရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဇွန် ၁၉ ရက်က ပြောသည်။
ယင်းနှင့်ပတ်သက်၍ ဟိုတယ် နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည် ထောင် စု ၀န်ကြီးဦးဆောင်၍ ဇွန် ၁၉ ရက်က အင်းလျားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် CLMVT -2016 Forum တက်ရောက်ခဲ့ခြင်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲ တွင် ပြည်ထောင်စုဝန်ကြီး က တက်ရောက်လာသည့်မီဒီယာများ ကို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင်က " ရပ်ရွာလူထုအခြေပြုခရီး သွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရေးတွေ ကိုလည်း ဆွေးနွေး ခဲ့တယ်။ ဒီဖိုရမ်အပြီးမှာ ငါးနိုင်ငံ ကုန်သွယ်ရေးနဲ့ ငွေကြေးရင်းနှီးမြှုပ် နှံမှုနဲ့ ခရီးသွားကဏ္ဍကိုပိုမို ပူးပေါင်း ဆောင် ရွက်ဖို့ အတွက်ဆုံးဖြတ်ချက် ချခဲ့ကြတယ် " ဟု ပြောသည်။
ထိုင်းနိုင်ငံတွင်ကျင်းပ ခဲ့သည့် CLMVT -2016 Forum သည် ပထမအကြိမ်ကျင်းပခြင်းဖြစ် သည့်အတွက် ကနဦးအနေဖြင့် လို အပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ကြသည့်အဆင့်တွင်သာ ရှိသေး ကြောင်း အဆိုပါညှိနှိုင်းဆွေးနွေးချက် များ အမှန်တကယ်ဖော်ဆောင်နိုင် ရန်အတွက် အချိန်များစွာယူရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးတင့်သွင်က ပြောသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းရှင်အသင်း ဘဏ္ဍာရေးမှူး ဦးသက်ခိုင်က " ငါး နိုင်ငံကို ဗီဇာတစ်ခုတည်း ရှိရုံနဲ့ သွားလို့ရ တဲ့စနစ်ကို သုံးမယ်ဆိုရင် မြန်မာနိုင်ငံအတွက် အကျိုးအများ ကြီးရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေက ဧည့်သည်တော်တော်တိုး တက်လာတာဖြစ်တဲ့အတွက် ဗီဇာ သီးသန့်ထပ်လုပ်စရာ မလိုတော့ ဘူး ဆိုရင် မြန်မာကိုလည်းရောက်လာ နိုင် မယ်။ ဒါဆို ဧည့်အ၀င်ကပိုများလာ မယ်" ဟု ပြောသည်။
ထိုင်းနိုင်ငံရှိ Lonely Planet မဂ္ဂဇင်းမှပေးအပ်သည့် ၂၀၁၅ ခုနှစ် အတွက် အကောင်းဆုံးခရီးသွားဒေ သဆုကို မြန်မာနိုင်ငံမှရ ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို ဇွန် ၁၆ နှင့် ၁၇ ရက်က ထိုင်းနိုင်ငံတွင်ပြုလုပ် ခဲ့ပြီး ၁၈ ရက်တွင် ထိုင်းနိုင်ငံ၏ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ် ငန်းများ ဖော်ဆောင်ထားသည့်ဒေသ များသို့လေ့လာခဲ့ကြောင်း၊ ယင်းဖို ရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးအုန်း မောင် အပါအ၀င် တာဝန်ရှိသူများ နှင့် ခရီးသွားလုပ်ငန်းရှင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရသည်။
TTMT
#Democracytoday
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, June 21, 2016
ဒေသတွင်းငါးနိုင်ငံကိုဗီဇာတစ်ခုတည်းဖြင့် အလွယ်တကူသွားလာနိုင်ရန် ခရီးသွားဝန်ကြီးများညှိနှိုင်းထားပြီဟုဆို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment