Monday, June 6, 2016

မျိုးစောင့်ဥပဒေ လေးရပ်ကို သတိကြီးစွာ ကာကွယ်စောင့်ရှောက်မည်ဟု မဘသ ညီလာခံ ကြေညာ ----------------------------

မျိုးစောင့်ဥပဒေ လေးရပ်ကို သတိကြီးစွာ ကာကွယ်စောင့်ရှောက်မည်ဟု မဘသ ညီလာခံ ကြေညာ
-----------------------------------
ရန်ကုန်၊ ဇွန် ၅

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သော မျိုးစောင့်ဥပဒေ လေးရပ်ကို သတိကြီးစွာ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)၏ နှစ်ပတ်လည် ညီလာခံက ကြေညာလိုက်သည်။

အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတပ်ဦးကျောင်းတွင် ဇွန်လ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ကြာ ကျင်းပသော မဘသ (ဗဟို) ၏ နှစ်ပတ်လည် ညီလာခံအပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ယင်းသို့ ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သည် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် မြန်မာတစ်မျိုးသားလုံး၏ အသက် အိုးအိမ် စည်းစိမ်၊ သာသနာတော် လုံခြုံရေးအတွက် မျိုးစောင့်ဥပဒေ လေးရပ်နှင့် အခြားသော အမျိုးသား လုံခြုံရေး ဥပဒေများကို သတိ၊ ဝီရိယကြီးစွာ ကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ မဘသ (ဗဟို) နှစ်ပတ်လည် ညီလာခံ၏ သဘောထား ကြေညာချက်တွင်လည်း အစိုးရသစ်အနေဖြင့် နိုင်ငံသား အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာကို အထူး စောင့်ရှောက်ပေးရန် ထည့်သွင်း တိုက်တွန်းထားသည်။

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းပေးရန် သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီးက ဦးဆောင်ပြီး သဘောထား ဆန္ဒမဲ လက်မှတ်များ ကောက်ယူပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ တိုက်တွန်းခဲ့သည်။

ယင်းနောက် မျိုးစောင့်ဥပဒေများဖြစ်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

သို့သော်လည်း အဆိုပါ ဥပဒေများသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ချိုးဖောက်လျက်ရှိကာ ဘာသာခြားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်စေနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်သည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သော ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့် အမျိုး ဘာသာ သာသနာ အကျိုးစီးပွားကို အကောင်အထည် ဖော်မည်ဟု ခံယူထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကို ၂ဝ၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်များတွင်လည်း နှစ်ပတ်လည် ညီလာခံများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခု ၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သော သုံးကြိမ်မြောက် နှစ်ပတ်လည်စုံညီ ညီလာခံသို့ တစ်နိုင်ငံလုံးရှိ မဘသ ဦးဆောင် ဆရာတော်များအပြင် သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ သံဃာတော်များလည်း တက်ရောက်ခဲ့သည်။

ညအချုပ်အခြာအာဏာနှင့် မြန်မာတစ်မျိုး သားလုံး၏ အသက်အိုးအိမ်စည်းစိမ်၊ သာသနာတော် လုံခြုံရေးအတွက် မျိုးစောင့် ဥပဒေလေးရပ်နှင့် အခြားသော အမျိုးသား လုံခြုံရေး ဥပဒေများကိုသတိ၊ ဝီရိယကြီး စွာ ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလားတူ မဘသ(ဗဟို) နှစ်ပတ်လည် ညီလာခံ၏ သဘောထားကြေညာချက် တွင်လည်း အစိုးရသစ် အနေနှင့် နိုင်ငံသား အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာကို အထူးစောင့်ရှောက်ပေးရန် ထည့်သွင်း တိုက်တွန်းထားသည်။

နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းပေးရန် သာသနာ စောင့်ရှောက်ရေး အဖွဲ့ကြီးက ဦးဆောင်ပြီး သဘောထား ဆန္ဒမဲ လက်မှတ်များ ကောက်ယူပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ တိုက်တွန်းခဲ့သည်။

ယင်းနောက် မျိုးစောင့်ဥပဒေများ ဖြစ်သော ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့် ရှောက်မှု ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့် တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

သို့သော်လည်း အဆိုပါ ဥပဒေများသည် လူ့အခွင့်အရေး စံချိန်စံညွှန်းများကို ချိုးဖောက်လျက်ရှိကာ ဘာသာခြားများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်စေနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။

သို့သော်လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော အစိုးရသစ်သည် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမဖြစ်သော ဗြဟ္မစိုရ်ကျင့်စဉ် အခြေခံဖြင့် အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို အကောင်အထည် ဖော်မည်ဟု ခံယူထားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

အမျိုး ဘာသာ သာသနာ စောင့် ရှောက်ရေးအဖွဲ့ကို ၂ဝ၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်များတွင်လည်း နှစ်ပတ်လည် ညီလာခံများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခု ၂ဝ၁၆ ခုနှစ်တွင် ပြုလုပ်သော သုံးကြိမ်မြောက် နှစ်ပတ်လည်စုံညီ ညီလာခံ သို့ တစ်နိုင်ငံလုံးရှိ မဘသ ဦးဆောင် ဆရာတော်များအပြင် သီရိလင်္ကာ၊ ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ သံဃာတော်များလည်း တက်ရောက်ခဲ့သည်။


No comments: