Monday, June 6, 2016

တားမြစ်ထားတဲ့ နေရာတွေမှာ ကွမ်းယာရောင်းရင် အရေးယူမည် ==============================


၆..၆..၁၆
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနယ်မြေနဲ့  မြို့ကြီးတွေ သန့်ရှင်းရေးအတွက် ဇွန်လ ပထမအပတ်မှာ ကွမ်းစားသုံးမှု လျော့ကျ
ရေးလှုပ်ရှားမှုကို စတင်ဆောင်ရွက်သွားမယ်လို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-
ကွမ်းစားတာ လျှော့ချဖို့အတွက် ပထမခြေလှမ်းအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေနဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့
နေရာတွေနားက ကွမ်းယာဆိုင်တွေကို စတင်ဖယ်ရှားသွားတော့မယ်
လို့ နိုင်ငံပိုင်သတင်းစာတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
-
ဒါ့အပြင် ကွမ်းယာရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အခြား
အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေနဲ့ အစားထိုး ဖြည့်ဆည်းပေး
မယ့် အစီအစဉ်ရှိတယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။
-
တားမြစ်ထားတဲ့ နေရာတွေမှာ ကွမ်းယာရောင်းတာနဲ့ ကွမ်းတံတွေး ထွေးတာ
တွေကို တွေ့ရှိခဲ့ရင် ပညာပေး အရေးယူတာတွေ လုပ်သွားမှာဖြစ်ပြီးနောက်
ပိုင်းမှာ အရေးယူတာတွေလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
=========
Mizzima


No comments: