ဘယ်လောက်ပဲ နဖူးပြောင်ပြောင် နှလုံးစက်တပ်ထားတဲ့အဖိုး
အိုတစ်ယောက်ကို ယုတ်မာနေပါစေ ... ဒီ အဖိုးကြီးရဲ့
အမျိုးဘာသာသာသနာ၊ကိုယ့်လူမျိုးကို လေးစားတန်ဖိုးထား
တဲ့ သူရဲ့ စိတ်ဓာတ်ဟာ သမိုင်းစာမျက်နှာမှာ ကျောက်သား
မော်ကွန်းအဖြစ် မှတ်တမ်းတင်နေခြင်းခံနေရမှာဖြစ်ပါတယ်။
" နှစ်ပေါင်း၅၀ပျက်စီးနေတဲ့နိုင်ငံကို အစွမ်းရှိသလောက်
ညိနှိုင်းဆောင်ရွက်လို့ ကမ္ဘာအာဆီယံနိုင်ငံတွေထဲမှာ မြန်မာ
ဟာ ၂၀၁၀မှာလူတောပြန်တိုးနိုင်ခဲ့ပါပေတယ်။ မသမာယုတ်မာသူတွေကို သဘောထားကြီးကြီးလွတ်ပေးခဲ့
ပေမယ့် ကျေးဇူးရှင်ကိုပြန်ကိုက်သောခွေးတွေလို သူ့အပေါ် ယုတ်မာခဲ့ကြပါတယ်။ အဘက်ဘက်ယိုယွင်းနေတဲ့ နှစ်၅၀
အဖိုးကြီးလုပ်ခဲ့တဲ့ပြဿနာကို ၅နှစ်သားလေးက တတ်နိုင်
သလောက်လုပ်ပေးနိုင်ခဲ့တာကို အပြစ်ပြောဖို့ကလွဲပြီးဘာမှ
မသိခဲ့ကြပါဘူး။ အခုကြတော့ လသားပဲ ရှိလို့ ဆိုတဲ့
ဆင်ခြေတွေကိုတော့လာမပေးကြပါနဲ့ ။ နဖူးပြောင်ပြောင်
နှလုံးစက်တပ်ထားတဲ့အဖိုးကြီးက နှစ်၅၀ကပြဿနာတွေ
ကို ၅နှစ်အတွင်းတတ်အားသရွေ့ဖြေရှင်းနိုင်ခဲ့ပါတယ်။
သူ့လက်ထက်မှာသမိုင်းဝင်စကားတွေများစွာရှိပါတယ်။
" ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားမဟုတ်ဘူး "
" လူပုဂ္ဂိုလ်တဦးတစ်ယောက်အတွက်အလုပ်မလုပ်ကြပါနှင့်
နိုင်ငံနှင့်လူမျိုး အတွက်အလုပ်လုပ်ကြပါ "
" နိုင်ငံဝန်ထမ်းတွေအပေါ် မတော်မတရားလုပ်လာရင် ငြိမ်မခံကြပါနှင့်ဝန်ထမ်းတွေနောက်မှာပြည်သူတွေရှိပါတယ်"
" ကားလမ်းပိတ်လို့ လူတွေဆဲတာတွေကိုကြားသိရပါတယ်
ကျွန်တော်ကတော့ ကားတွေပိတ်တာ ပြည်သူတွေဝယ်စီး
နိုင်လို့ ၊ပြည်သူတွေဝယ်စီးနိုင်တာ စီးပွားရေးအဆင်ပြေလို့
ပြည်သူတွေစီးပွားရေးအဆင်ပြေရင် အဆဲခံရရင်လဲ
ကျေနပ်ပါတယ် "
" ၁၉၈၂ခုနစ် နိုင်ငံသားဥပဒေကို ပယ်ဖျက်ခြင်း၊ပြင်ဆင်ခြင်း
လုံးဝလုပ်မည်မဟုတ်။ ထိုဥပဒေပြင်ဆင်ဖို့ကြိုးစားရင်
ကျွန်တော့်အသက်နဲ့လဲပီးကာကွယ်ပေးသွားမှာဖြစ်တယ် "
"ပြည်တွင်းငြိမ်းချမ်းရေးကိုမရဘဲနဲ့ ဒီမိုကရေစီကို ကျွန်တော်
တို့ထူထောင်လို့မရပါဘူး။ဒီမိုကရေစီမရှိဘဲ နဲ့လဲ ကျွန်တော်တို့ပြည်တွင်းငြိမ်းချမ်းရေးဟာတည်ဆောက်လို့်မရပါဘူး။ "
" လူ့အခွင့်အရေးကို ကောင်းစွာနားလည်သော်လဲ ကျွန်တော့်အနေဖြင့် နိုင်ငံ့အမျိုးသားလုံခြုံရေးကို ပို၍အလေးထားပါတယ် "
"ဗုဒ္ဓသာသနာနှင့်မြန်မာအမျိုးသမီးငယ်များ၏ဘဝကိုမတော်မတရားအနိုင်ကျင့်ဖျက်ဆီးနေမှုကိုကျွန်တော်လက်ပိုက်ကြည့်မနေနိုင်ပါဘူး ။ဒါကြောင့်မျိုးစောင့်ဥပဒေ စာမျက်နှာပေါ်မှာ ကျွန်တော်လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့တာဖြစ်တယ်။ "
" ဒီလောက်အမျိုးမျိုးအဖုံဖုံတိုက်ခိုက်နေတဲ့ကြားက ကျွန်တော်ကို စာနာထောက်ထားချစ်ခင်ပြိးတကူးတက လာ
ရောက်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒီနေ့ဒီချိန်ထိ
နိုင်ငံတော်ကပေးတဲ့ဘွဲ့ရတာထက် ဒီလိုအသိမှတ်ပြုခံရတဲ့
အတွက်အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။ သားတို့သမီးတို့
နိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကို စွမ်းဆောင်ပေးကြပါ "
" အမေရိကန်နိုင်ငံအနေဖြင့် ကျွန်တော်တို့အစိုးရကို လူ့အခွင့်ရေးချိုးဖောက်တယ်လို့ဝေဖန်ပြစ်တင်ထားပါတယ်။
ကျွန်တော်ဟာ မြန်မာပြည်သူကိုကိုယ်စားပြုတဲ့သမ္မတပါ။
ရခိုင်ဟာ မြန်မာတိုင်းရင်းသားမြန်မာပြည်သူပါ။ တစ်ဖက်
နိုင်ငံကကျူးကျော်ဝင်ရောက်လာတဲ့သူတွေကို လက်ခံထားပြီး
ဒုက္ခသည်စခန်းနှင့် စားနပ်ရိက္ခာများကိုလဲ စဉ်ဆက်မပြတ်
ထောက်ပံ့ပေးနေတာ အခုချိန်ထိပါပဲ။ သူတို့နိုင်ငံကတောင်
လက်မခံတဲ့ ဒုက္ခသည်တွေကို ကျွန်တော်တို့်လူမျိုးမဟုတ်ဘဲ
နဲ့ ကျွေးမွေးစောင့်ရှောက်ပေးနေတာကို လူ့အခွင့်အရေးချိုး
ဖောက်တယ်လို့ စွပ်စွဲနေမယ်ဆိုရင် အချိန်မရွေး ဒီဒုက္ခသည်
တွေကို အမေရိကန်အစိုးရ ကို လွဲပြောင်းပေးဖို့အဆင်သင့်ပါ
ပဲ ... အိုဘားမားနှင့်တွေ့ဆုံစဉ် "
" အကယ်၍ Oic ရုံးဖွင့်မယ်ဆိုပါကလဲကျွန်တော်တို့အစိုးရ
တားဆီးမှာဖြစ်ပါတယ်။ oic ရုံးဖွင့်ဖို့ပြည်သူကမလိုလားဘူး
ပြည်သူမလိုလားတဲ့အတွက် ကျွန်တော်တို့တားဆီးပေးမှာဖြစ်
ပါတယ်။ ဒီကိစ္စအတွက်ပြည်သူတွေမစိုးရိမ်ပါနဲ့ "
" မြန်မာတပ်မတော်သားတွေဟာ တိုင်းပြည်တာဝန်ကို
အသက်နဲ့လဲပြီး ထမ်းဆောင်နေသူတွေပါ။ မည်သည့်အဖွဲ့အစည်းက မည်ကဲ့သို့ပင် ပုတ်ခတ်နေပါစေ..
ဘယ်သူမှမလုပ်နိုင်တဲ့ အရာကို လုပ်နိုင်တဲ့ သူရဲကောင်းတွေ
ဖြစ်ပါတယ်။ ကြိုက်တဲ့အဖွဲ့အစည်းတွေက ကြိုက်သလိုခေါ်
နေပါစေ ... ကျုပ်ကတော့ အသက်နဲ့လဲပြီး တိုင်းပြည်
တာဝန်ထမ်းဆောင်နေတဲ့သူတွေအားလုံးကို အာဇာနည်
သူရဲကောင်းလို့ပဲ မြင်ပါတယ်။ "
" တပ်မတော်သားတယောက်ဒဏ်ရာရလို့ ဆေးရုံတက်နေ
ရချိန် ထိုတပ်သားရဲ့အမေအိုကြီးက ငိုနေပြီး ဆေးဝါးမတတ်
နိုင်တဲ့ပုံမှန်းသိလို့  နိုင်ငံတော်ကာကွယ်ရေးဗိုလ်ချုပ်၊ဗိုလ်မှူး
တွေကို ဆေးဖိုးဝါးခကို နိုင်ငံတော်မှသုံးစွဲပါ ။ အမေအိုကြီး
သားပြန်ကောင်းလာမှာပါ။ အမေကြီး ဆေးဝါးကုန်ကျမှာတွေ
စိတ်မပူပါနဲ့ .. ကျွန်တော်အားလုံးညွန်ကြားပေးပြီးပါပြီ
အမေကြီးဆိုပြီး လက်ကလေးကိုင်ပြီး အားပေးစကားပြော
သွားခဲ့သော နိုင်ငံတော်သမ္မတကြီးပေါ့ ။ အဖွားအိုက ငိုသံ
လေးနဲ့ ကျေးဇူးတင်ပါတယ် သမ္မတကြီးရယ် တဲ့ "
သူလိုလူရဲ့လုပ်ဆောင်ချက်တွေကိုဘယ်ဗိုလ်ချုပ်အဆက်ဆက်မှ မမီသလို အရပ်ဘက်လူတွေလဲ လိုက်လို့မမီဘူး။
ဦးသိန်းစိန်ဆိုတဲ့သူသည် " သူ့လူမျိုး ၊သူ့ပြည်သူဆဲတာ
ကျေကျေနပ်နပ်ခံရသူဖြစ်ပေမယ့် သူ့လူမျိုး၊သူ့ဘာသာ၊
သူ့သာသနာကိုထိပါးလာရင်တော့ ဘယ်လောက်ပဲ
အင်အားကြီးကြီး ရှိတဲ့အင်အားနဲ့တိုက်ဖို့ဝန်မလေးတဲ့သူ
တစ်ယောက်ဖြစ်တယ်။ နိုင်ငံတကာကဖိအားပေးတိုင်း
ခေါင်းငုံ့ခံပြီး ပြန်လာတဲ့ သမ္မတထဲမှာ ဦးသိန်းစိန် ဘယ်တော့
မှမပါဘူး။ ပြည်သူလူထုအကျိုးစီးပွားအတွက် ခေါင်းငုံ့ပြီး
ခံရင်ခံမယ်။ ဘာသာသာသနာလူမျိုးရေးကိုစော်ကားရင်တော့
သည်းခံတတ်တဲ့သမ္မတထဲမှာတော့ သူမပါဘူးဆိုတာ
သိသင့်တယ်။ ကြိုက်တဲ့သူ ဘယ်လောက်ပဲဆဲနေပါစေ...
ငါထောက်ခံတာ " ဦး သိန်း စိန် " ဆိုတဲ့ သူတဦးပဲရှိတယ်။
Copy...Si Thu Hein
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, June 20, 2016
** အသိမှတ်ပြုပေးကြပါ **
Subscribe to:
Post Comments (Atom)
No comments:
Post a Comment