Sunday, June 5, 2016

သမ္မတထိုင်ခုံကိုရှေ့ဆုံးတွင်သီးသန့်တစ်ယောက်တည်း မထားဘဲအားလုံးနှင့်တန်းတူထားပေးရန် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်ပြောကြား။

နပြည်တော်၊ဇွန်-၅။ မိမိထိုင်သောခုံအားသမ္မတထိုင်းခုံအဖြစ်ရှေ့ဆုံးတွင်သီးသန့်မထားဘဲအားလုံးနှင့်တန်းတူထားရှိပေးရန် နေပြည်တော်၊သင်္ဂဟဟိုတယ်တွင်ယနေ့နံ နက် ပိုင်းက ပြုလုပ်သော ၊၂၀၁၆-ခုနှစ်၊ကမ္ဘာ့ပတ်ဝန်း ထိန်း သိမ်းရေးနေ့အခမ်းအနားတွင်နိုင်ငံတော်သမ္မတဦးထင်ကျော်က သတိပေးပြောကြားခဲ့သည်။ ယခုအခမ်းအနားသို့ အစိုးရသစ်ကာလတွင်နိုင်ငံတော်သမ္မတအနေဖြင့်ပထမဦးဆုံးအကြိမ်အဖြစ် အခမ်းအနားပွဲ တက်ရောက်ခဲ့ခြင်းဖြစ် ပြီးအခမ်းအနားတွင်နိုင်ငံတော်သမ္မတအတွက်အခမ်းအနား ရှေ့ဆုံးနေရာတွင် သီးသန့်ထိုင်ခုံနေရာချပေးထားမှုအပေါ်အဖွင့်မိန့်ခွန်းမစမီပြောကြားခဲ့ခြင်းဖြစ်ပြီးသမ္မတကြီးမှ စီစဉ်သူတွေရဲ့စေတနာကိုနားလည်သော်လည်းကုလားထိုင်ကြီးနဲ့ရှေ့ဆုံးမှာတယောက်ထဲမထားပါနဲ့၊အားလုံးနဲ့တစ်တန်းတည်းအတူတူနေချင်ပါတယ် ဟု သတိပေးပြော ကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်မှ "ဘယ်နေရာမှာနေနေ၊ဘယ်သူဘဲဖြစ်ဖြစ်၊တောရိုင်းတိရစ္ဆာန်နှင့်သ ဘာဝ အပင် တွေကိုတရားမ၀င်ရောင်းဝယ်ဖောက်ကားနေမှုကိုလုံးဝလက်မခံဘူးဆိုတာပြသပြီးအပြောင်း အလဲဖြစ်အောင် လုပ်နိုင်ပါတယ်၊ကျွန်တော်တို့အသက်ရှင်ရပ်တည်ဖို့မှီခိုနေတဲ့ဒီဂေဟစနစ်ဟာ လူသားတွေရဲ့လုပ်ရပ်ကြောင့်အလျင်အမြန်ပျက်စီးယိုယွင်းနေပါတယ်၊အကျိုးအမြတ်များတဲ့တောရိုင်းတိရစ္ဆာန်နဲ့အပင်တွေတရားမ၀င်ကူးသန်း ရောင်းဝယ်မှုဟာအခြေအနေကိုပိုမိုဆိုးရွားစေပါတယ်၊ သဘာဝပတ်ဝန်း ကျင်ယိုယွင်းမှုဟာနိုင်ငံနယ်နမိတ်တွေကိုကျော်ဖြတ်သွားတဲ့အတွက်ဒီနေ့ကျွန်တော်တို့တစ် ကမ္ဘာလုံး အတူရင်ဆိုင်နေရတဲ့ပြဿနာဖြစ်ပါတယ်၊ကျွန်တော်တို့အနေနဲ့အချိန်မလွန်ခင်အရေးတယူဆောင်ရွက်ဖို့လိုပါ တယ်၊ကျွန်တော်တို့အနေနဲ့လက်ရှိကာလမှာရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုလိုသလိုအနာဂတ် မျိုးဆက်ရဲ့ရေရှည်စဉ်ဆ
ဖိုးသားကြီး

က်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းတာဝန်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သယံ ဇာတနဲ့ဂေဟစနစ်တွေကိုကာကွယ်ဖို့ပျက်ကွက်လို့မရပါဘူး၊ပတ်ဝန်ကျင်ကိုသိသိကြီးနဲ့တစ်မျိုးမသိဘဲနဲ့တစ်ဖုံ ဖျက်ဆီးခဲ့သူတွေကတော့ကျွန်တော်တို့လူတွေပဲဖြစ်ပါတယ်၊ဒီတရား မ၀င်စီးပွားရေးလုပ်ငန်းတွေက ပတ်ဝန်းကျင်အသက်မွေးလုပ်ငန်းတွေ၊လူ့အဖွဲ့အစည်းနဲ့လုံခြုံရေးတွေကိုဘယ်လောက်အထိ၊ထိခိုက်ပျက်စီးစေ နိုင်တယ်ဆိုတာကိုလူတွေပိုပိုသိဖို့လိုပါတယ်၊အစိုးရနဲ့နိုင်ငံတကာအဖွဲ့တွေအနေနဲ့ပိုမိုထိရောက်တင်းကျပ်တဲ့ဥပ ဒေတွေချမှတ်ပြဌာန်ဖို့အပြင်ဥပဒေချိုးဖောက်သူတွေကိုထိထိရောက်ရောက်အရေးယူဖို့လိုအပ်ပါတယ်ဟု ပြောကြားခဲ့သည်။ ယင်းအပြင်မြန်မာနိုင်ငံသည်အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန်များတရားမ၀င်ကူသန်း ရောင်းဝယ်မှုထိရောက်စွာတားဆီးနှိမ်နင်းရေးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီးမြန်မာနိုင်ငံ CITESမှတာဝန်ရှိသူများအနေနှင့်တရားမ၀င်တောရိုင်းတိစ္ဆာန်ကုန်သွယ်မှုများကိုတားဆီးရာတွင်စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊အကောက်ခွန်ဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း ယင်းသို့အရေးယူ ဆောင်ရွက်မှုများကြောင့်၂၀၁၀ခုနှစ်၊၂၀၁၆ခုနှစ်မတ်လအတွင်း တောရိုင်းတိရစ္ဆာန်နှင့်သဘာဝအပင်များတရားမ၀င်ရောင်းဝယ်မှု(၁၈၉)မှုအထိဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း၊ မိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

No comments: