ကျောင်းထိုင်ဘုန်းကြီးမှာ တောထွက် ဘုန်းကြီး ဖြစ်ကာ ရပ်ရွာ အသုဘဆိုလည်း သူနဲ့မတည့်ရင်မလိုက်ဘူး... ရှင်ပြုရဟန်းခံ စတဲ့ကိစ္စတွေလည်း သူနဲ့အဆင်မပြေတဲ့သူတွေဆိုကျောင်းမှာ မလုပ်ခိုင်းဘူး..
တခြားရွာမှာလုပ်ရင်တခြားရွာက ဘုန်းကြီးပင့်ရင်လည်း လက်မခံဘူး အသုဘ မင်္ဂလာဆောင်အ စရှိတဲ့ ပွဲတွေမှာလည်းကြေး သတ်မှတ်ထားတယ်..
သူသတ်မှတ်တဲ့ကြေးမလှူနိုင်ရင်လည်းမလိုက်ဘူး..ရွာကလူတချို့ကမကြိုက်လို့ကျောင်းခွဲဖို့သက်ဆိုင်ရာကခွင့်ပြုမိန့်နဲ့ကျောင်းဆောက်တာကိုကျောင်းထိုင်ဘုန်းကြီး အမျိုးတွေကအသစ်ဆောက်တဲ့ကျောင်း ကိုဖျက်ဆီးတယ်.. ကာဒူကျောင်းမှ ရှင်ပြုရဟန်းခံပွဲမရှိခဲ့တာလည်းအတော်ကြာပြီ
သံဃာသင်းခွဲဒကာသင်းခွဲလို့ကျောင်းထိုင်ဘုန်းကြီးလည်းရောဂါရှာမတွေ့ပဲချက်ချင်းပျံတော်မူသွားပြီအခုဖြစ်ပျက်နေတာကဘုန်းကြီးအမျိုးတွေဖျက်နေတာအဓိကကတော့တောထွက်စာပေမတတ်တဲ့ဘုန်းကြီးမွှေသွားပြဿနာတွေပါ။
ဓမ္မစက်နဲအကြိမ်ကြိမ်ဆုံးမပြီးပြီလုံးဝလက်မခံပါနိုင်ငံတော်ကကျောင်းခွဲဆောက်ဖို့ခွင့်ပြုချက်နဲ့လုပ်ဆောင်နေတာကိုလည်းဘုန်းကြီးအမျိုးတွေကကျောင်းကိုဖျက်ဆီးယာယီဝါးကျောင်းနဲ့သံဃိကပစ္စည်းတွေကိုဖျက်ဆီးကျောင်းအသစ်ဆရာတော်ကိုရန်ရှာရိုက်နှက်ပါတယ်
မနှစ်ကကျောင်သစ်ဆရာတော်သူ့ကျောင်းမှာမနေရဲမိုးညှင်းမှာလာဝါဆိုရတယ်ကာဒူရွာကဆင်းရဲသားတွေ များတယ်အသုဘပို့ရင်တစ်သောင်း အိမ်ဆင်းတစ်သောင်း ရက်လည်တစ်သောင်း မရှိဆင်းရဲသားသေရင်ဘယ်လို လုပ်မလဲ
ကထိန်ကြေး ဝါဆိုကြေးမကြေရင်သံသရာကြွေး လို့သတ်မှတ်ပြီးရှင်ပြုရဟန်းခံ ကိုလက်မခံသာရေးနာရေးဖြစ်ရ င်တခြားအိမ်တွေကိုမကူခိုင်းတာတွေခုခေတ်ကပွင့်လင်းမြင်သာနေပါပြီ ဒီအယူမျိုးတွေလက်မခံသင်တော့ပါဘူး
ဦးတိဏ္ဏောဘာသ(မိုးညှင်း)
Ph-09250876946
09797237338 ကိုမေးမြန်းနိုင်ပါသည်

No comments:
Post a Comment