ဖားကန့်မှာတော့ ဒီလောက်မိုးတွေရွာပြီး ပြည်သူတွေ ရေးကြီးရေလျှံဒဏ် ခံစားနေရတာတောင်မှ ယမ်းကားတွေက အဆက်မပြတ်ဝင်နေဆဲ ။မနေ့ညကလည်း ယမ်းကား အစီး(၇၀)လောက်ဝင်တယ်လို့ မျက်မြင်တွေက ပြောပါတယ် ။ ဟိုဘက် ဒီဘက် တံတားစောင့်တဲ့ လုံခြုံရေး ရဲတပ်ရင်းကို တစ်ဖက် ငါးထောင်ပေးရတယ်လို့ သိရပါတယ် ။
၂၂.၁၁.၂၀၁၅ နေ့တုန်း ကံခါမြေစာပြိုပြီး လူပေါင်းရာချီသေတုန်းကလည်း မြန်မာတကောင်း ၊ရာဇဌာနီ လို ကုမ္မဏီတွေက အလုပ်တောင်မနားဘူး ။ ပြိုတဲ့နားမှာ မြေစာသွန်နေသေးတယ် ။ မြန်မာနိုင်ငံသားတွေကို တရုတ်ကုမ္မဏီတွေ တိရစ္ဆာန် တစ်ကောင်လောက်တောင် တန်ဘိုးမထားတော့ပါဘူး ။
စစ်တပ်လည်း အားမကိုးနဲ့ ၊KIA လည်း အားမကိုးနဲ့ ။ သေနတ်ကိုင်ပြီး ငွေရှာနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကြီး နှစ်ခုဆိုတာ ရှင်းရှင်းကြီးပေါ်နေပြီ ။အစိုးရသစ် ပိုဆိုးသေးပါတယ် ။သူလက်ထဲမှာ လုပ်ပိုင်ခွင့်ဆိုလို့ စာရွက်နဲ့ ဘေပင်ပဲရှိတယ် ။ သူတို့ရေးတဲ့ စာကို ဖတ်မဲ့သူတွေက သေနတ်ထမ်းပြီး အိမ်ကမယားတွေ ရွှေဝယ်ပြီး ဇိမ်ခံကားစီးဘို့ ငွေရှခိုင်းနေမှတော့ ဒီနိုင်ငံကြီး ဘယ်လိုတိုးတက်အုံးမှာလဲ ။ သူကြီးသားနဲ့ ဘောလုံးကန်သလို ဖြစ်နေတဲ့ NLD ကို လောလောဆယ်တော့ အားကိုးနေလဲ အပိုပဲ ဖြစ်ပါလိမ့်မယ် ။သူတို့ဟာသူတို့တောင် မော်ရီယာမင်း ချိတ်နေရတာ ဆိုတော့ ....
ဒီတော့ လုပ်စရာက တစ်ခုပဲရှိပါတယ် ။ ဖားကန့်မှာ ရှိတဲ့ ယန္ဒရားနဲ့ လုပ်တဲ့ ကုမ္မဏီမှန်သမျှ လူထုအားနဲ အကြမ်းမဖက်ပဲ့  မောင်းထုတ်ရင်ထုတ် ၊အဲလိုမလုပ်ရင်တော့ စစ်တပ် ၊KIA ၊အစိုးရသစ်တို့ လုပ်သမျှ ခင်ဗျားတို့ ကျနော်တို့ ခံဘို့သာ ပြင်ထားကြပေတော့.....
ဒီအချိန်မှာ ပြည်သူ့အားတွေ ၊သတ္တိတွေ ထုတ်မသုံးရင်တော့ အားလုံး ဘာဖြစ်မလဲဆိုတာ စဉ်းစားကြပေါ့ ..,,
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, June 24, 2016
ဖားကန့်မှာတော့ ဒီလောက်မိုးတွေရွာပြီး ပြည်သူတွေ ရေးကြီးရေလျှံဒဏ် ခံစားနေရတာတောင်မှ ယမ်းကားတွေက အဆက်မပြတ်ဝင်နေဆဲ ။မနေ့ညကလည်း ယမ်းကား အစီး(၇၀)လောက်ဝင်တယ်လို့ မျက်မြင်တွေက ပြော
Subscribe to:
Post Comments (Atom)
No comments:
Post a Comment