ဤမကြောင်းကိုသိတော်မူသောဆရာတော်မှ ရှင်းပြခဲ့ပါသည်
အရှင်တိဏ္ဏောဘာသ
သာသနာ့ရွှေသစ်ပင်
သာသနာ့ရိပ်သာနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
မိုးညှင်းဒီဂရီကောလိပ်အနီး
မိုးညှင်းမြို့
အမှန်သိစေရန်ရှဲပေးစေလိုပါသည် ။
.......................................................
ဒါကဒကာတစ်ယောက်တင်ထားတဲ့ပိုစ်ကာဒူပြဿနာအပိုင်း (၁)
ကာဒူကျေးရွာဟာ မိုးညှင်းမြို့၏တောင်ဘက် မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေးတွင်တည်ရှိသော ကချင်တိုင်းရင်းသားများ၊ ဗန်းမောက်ဘက်မှဟြေင်းရွေ့လာသော ကဒူးလူမျိုးများ ရှမ်းတိုင်းများစုပေါင်းနေထိုင်သည့် အိမ်ခြေ ၃၀၀ကျော်ခန့်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပါတယ်။ ထိုကျေးရွာတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃ ကျောင်း(ယခင်က ၂ ကျောင်းတည်းသာရှိ၍ ယခု ဈေးအနီးတွင် တစ်ကျောင်းထပ်တိုးလာသည်မှာ မကြာသေး) ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ကျောင်းရှိပါတယ်။
ထိုဘုန်းကြီးကျောင်းတွင် ကြီးမှ ရဟန်းဝတ်သော တောထွက်ဆရာတော်တစ်ပါးကျောင်းထိုင်ပါတယ်။ ထိုဆရာတော်ဟာ လွန်ခဲ့သော ၄ လပိုင်းကမှ ပျံလွန်တော်မူခဲ့တာပါ။
ကာဒူကျေးရွာလေးတွင် ရှင်ပြုရဟန်းခံအလှူပွဲများ တိတ်ဆိတ်လာခဲ့သည်မှာ ကြာလှပါပြီ။ အကြောင်းမှာ ထိုဆရာတော်ဟာ ရပ်ရွာထဲ သာရေးနာရေးကိစ္စများရှိလာသောအခါ သတ်မှတ်ထားသောအလှူငွေ လှူဒါန်းမှလိုက်ပါတယ်။ ထို့အပြင် ဆရာတော်နှင့် ဆက်ဆံရေးအဆင်မပြေသော ဒါယကာ ဒါယိကာမှများမှ ပင့်ဖိတ်သောအခါတွင်လဲကြွရောက်လေ့မရှိပါဘူး။ ထို့ကြောင့် ရှင်ပြုပွဲများပြုလုပ်သော အခါတွင် တခြားအနီးအနားရှိ ညောင်ကိုင်းနှင့်သာယာကုန်းကျေးရွာများတွင်ပြုလုပ်ခဲ့ရပါတယ်။ ထိုဆရာတော်မှ ကာဒူဆရာတော်အား ကြွရောက်ဖို့ ဒါယကာ ဒါယိကာမများအား ပင့်လျှောက်စေသောအခါတွင်လဲ ကြွရောက်လေ့မရှိပါဘူး။ ထို့ကြောင့် ရွာအတွင်းရှိ ရွာသားတချို့မှ ကျောင်းသစ်ဆောက်လုပ်ရန် ဆုံးဖြတ်၍ မြို့နယ်သံဃာ့နာယကဆရာတော်များနှင့် ညှိနိုင်းတိုင်ပင်ကာ ခွင့်ပြုမိန့် အသီးသီးရယူ၍ ကျောင်းသစ်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒုတိယပိုင်းအားဆက်လက်တင်ပြပါမည်။
သွေးသောက်
၁၈.၆.၂၀၁၆(စနေနေ့)
၉း၀၀ AM
via.Ye Lin Aung
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, June 18, 2016
မိုးညှင်းမြို့၌ကျောင်းဆောင်သစ်ပန္နက်တင်မင်္ဂလာပြုလုပ်ရန်ကြွရောက်ကြကုန်သောဆရာတော်များအား ကြမ်းတမ်းစွာ ပြောဆို ကိုယ်ထိလက်ရောက်ပြုလုပ်ခြင်းကြောင့်ပန္နက်တင်မင်္ဂလာမပြုခဲ့ရအကြောင်းစုံ ......................................................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment