Tuesday, June 21, 2016

#လိုင်စင်မဲ့ကားတွေမန်းလေးမှာဖမ်းနေတာတွေ့လို့ အဓိကလုပ်ရမှာက ဝင်ရောက်တဲ့လမ်းကြောင်း ၊ ဇစ်မြစ်ကိုလည်းပိတ်ဆို့ဖမ်းဆီးသင့်တယ် ။



အရေးယူမှုကိုလည်းပြတ်ပြတ်သားသား လုပ်သင့်တယ်။ မဟုတ်ရင် ရှေ့မှာ ၁၀စီးဖမ်းနောက်က ၃၀  စီးဝင်နေမှာ။

မဲဆောက် ဂိတ် မှာ မြဝတီဘက်ကိုတနေ့ အစီး ၃၀  နှင့် ၆၀  ကြား ကူးပြီးသွင်းနေတာကိုလည်း ပိတ်ဆို့သင့်တယ် ။

သိသိ နဲ့ အရေး မယူ တော့  နယ်စပ်ပေါက်နေရာဒေသအစုံ မှ အစုလိုက် အပြုံလိုက်ဝင် ၊ ရာဇဝတ်မှု့ ထူပြော  (လူတိုက် ၊လမ်းစည်းကမ်းဖေါက်ဖျက်) ဖမ်းမမိ ၊

လိုင်စင်မဲ့ကားပေါပေါကြောင့် တိုင်းပြည်ဝင်ငွေမရတဲ့ အပြင် လူတွေရဲ့အကျင့်စာရိတ္တ နှင့် တရားဥပဒေ စိုးမိုးရေး ကိုပါ ထိခိုက်ယိုယွင်းလာစေပါတယ်။

ဒါအပြင်  မြို့တိုင်း မှာ ကားကြပ်တဲ့ ပြသာနာဖြေရှင်းရမှာ

🚙🚙 လိုင်စင်မဲ့  (without car ) ကား ကိစ္စသည်လည်း အဓိကထားဖြေရှင်း တားဆီး ရမည်ဖြစ်ကြောင်းကို  ရန်ကုန်တိုင်း ဝန်ကြီးချုပ် နှင့်သက်ဆိုင်ရာ ပြည်နယ် ဝန်ကြီးချုပ်အားလုံးအထူးသတိပြုသင့်ပါကြောင်းတင်ပြအပ်ပါသည် 🚙🚙☘

Credit, မူရင်းလူ


No comments: