Wednesday, April 20, 2016

နွားထိုးကြီးတွင် ရေတွင်းဆင်းဆယ်သည့် အမျိုးသားလေးဦး အောက်ဆီဂျင်ပြတ်၍ သေဆုံး

နွားထိုးကြီးတွင် ရေတွင်းဆင်းဆယ်သည့် အမျိုးသားလေးဦး အောက်ဆီဂျင်ပြတ်၍ သေဆုံး Wednesday, April 20, 2016 မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မကျည်းကုန်း ကျေးရွာတွင် အမျိုးသားလေးဦး သည် ရေတွင်းအတွင်းရှိ ရွှံ့နွံများ ဆယ်ယူနေစဉ် အောက်ဆီဂျင် ပြတ်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဧပြီ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်က အမျိုးသားငါးဦး သည် မကျည်းကုန်းကျေးရွာနေ အိမ်ဝိုင်းအတွင်းရှိ အနက်ပေ ၃၀၊ အကျယ် ၃ ပေ ပတ်လည်ရှိ ရေ တွင်းအတွင်းသို့ဆင်းပြီး ရွှံ့နွံများ ဆယ်ယူနေစဉ် လေးဦးသည် အောက်ဆီဂျင်ပြတ်၍ ရေတွင်းအ တွင်း၌ သေဆုံးကာ ကျန်တစ်ဦး မှာ ဆေးရုံသို့ တက်ရောက်ကုသ မှုခံယူခဲ့ရကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ‘‘နှစ်ဆန်းတစ်ရက်နေ့မို့ ရေ တွင်းဆယ်တာလား၊ ရေခန်း ခြောက်လို့ ရွှံ့တွေကို ဆယ်တာ လားတော့ သေချာမသိရသေး ဘူး။ အမျိုးသားလေးယောက်က တော့ သေသွားတယ်။ ဒီနယ် ဘက်မှာက သောက်သုံးရေအ တွက်ရှားတယ်။ အုပ်ချုပ်ရေးမှူး တွေကတော့ စည်ပင်က ရေသယ် ကား၊ မီးသတ်ရေယာဉ်တွေနဲ့ ရေ ရှားတဲ့ရွာကို လိုက်လံပို့ဆောင် တာတွေ လုပ်ပေးနေပါတယ်’’ဟု နွားထိုးကြီးမြို့နယ် တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုးက ပြောသည်။ သေဆုံးမှုနှင့်ပတ်သက်၍ ကန္နားနယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။ 7Day Daily

No comments: