မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Wednesday, April 20, 2016
သင်္ကြန်တွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၃ ဦး သေဆုံးခဲ့
သင်္ကြန်တွင်း ရန်ကုန်တွင် ယာဉ်တိုက်မှုကြောင့် ၁၃ ဦး သေဆုံးခဲ့
Wednesday, April 20, 2016
၂၀၁၆ သင်္ကြန်ကာလ၌ ရန်ကုန် မြို့တွင်းယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃ ဦးနှင့် ဒဏ်ရာရသူ ၅၂ ဦးရှိခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
‘‘ဒီနှစ်မှာ ယာဉ်တိုက်မှုလည်း လျော့နည်းတယ်။ ယာဉ်နဲ့ပတ် သက်ပြီး ထူးခြားဖြစ်စဉ်ဖြစ်တာ မျိုးလည်း မရှိဘူး။ မနှစ်ကထက် လည်း ယာဉ်တိုက်မှုနည်းတယ်’’ ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ် ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးဝင်းမြင့်ဦးက ပြောသည်။
၂၀၁၅ သင်္ကြန်ကာလတွင် ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ၅၀ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရသူ ၁၃၄ ဦးရှိခဲ့ကာ ယခုနှစ်ထက် ယာဉ်တိုက်မှု ၁၀ မှုပိုခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။
ထို့ပြင် သင်္ကြန်ကာလအ တွင်း ယာဉ်ကြောရှင်းလင်းခြင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ ဆောင်ပေးခြင်း၊ ယာဉ်စည်းကမ်း အသိပညာပေးခြင်းများ လုပ် ဆောင်မှုတွေ့ရကြောင်း သင်္ကြန် ရေကစားသူအချို့က ပြောသည်။
‘‘ဒီနှစ်က လမ်းတွေမှာ ယာဉ် ထိန်းရဲရော လုံခြုံရေးရဲတပ်ဖွဲ့ဝင် တွေပါ တာဝန်ချထားမှုများတာကို တွေ့ရတယ်။ နောက်ပြီး အရက် အမူးလွန်တဲ့သူတွေ၊ ကားပျက် တာတွေဆိုရင်လည်း ကူညီပေး ကြတယ်။ ပျော်စရာသင်္ကြန်တော့ ဖြစ်ခဲ့တယ်’’ဟု သင်္ကြန်ရေကစား သူ ကိုထက်က ပြောသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment