Wednesday, April 13, 2016

ရေအလုံအလောက်မရလို့ ပြည်သူ၊ ပြည်သားတွေ စိတ်ပျက်

ပြည်မြို့မှာ အရင်နှစ်တွေထက် လည်ပတ်ရေကစားတဲ့သူတွေ များလာပါတယ်။
play

သင်္ကြန်မှာ ရေအလုံအလောက်မရလို့ ပဲခူးတိုင်း၊ ပြည်မြို့ကပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ ပြည်မြို့မှာ အရင်နှစ်တွေထက် လည်ပတ်ရေကစားတဲ့သူတွေ များလာပါတယ်။
ရေပေးတာနည်းတဲ့အပြင် မီးကလည်း ခဏခဏ ပျက်လို့ ရေကစားမဏ္ဍပ်အချို့မှာ ရေမရှိဘဲ စက်ဖွင့်ပြီး ကနေရတယ်လို့ သင်္ကြန်လည်ပတ်သူ ကိုဝေယံက ပြောပါတယ်။
play

“အယ်လ်နီညိုနဲ့ မီးဘေးစိုးရိမ်ရတဲ့ အခြေအနေတွေရှိတာကြောင့် ရေပိုပေးဖို့ကို မဖြစ်နိုင်ဘူး။ သင်္ကြန်အတွက်ဆိုပြီး သီးခြားရေပေးသွားဖို့ အစီစဉ်မရှိပါဘူး။ ဒီနှစ်နွေကအရမ်းပူပြင်းတဲ့အတွက် တကယ့်ရေလိုအပ်ချိန်မှာ မီးသတ်ဖို့ ရေအရင်းအမြစ်က လုံလောက်အောင်ရှိနေဖို့ အရေးကြီးပါတယ်” လို့ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ သူရဦးမြင့်သူက ပြောပါတယ်။
ပြည်ခရိုင်ထဲက မြို့နယ်အများစုမှာ ရေကစားမဏ္ဍပ်တွေ မလုပ်တာကြောင့် နယ်ဘက်တွေက ပြည်မြို့ကိုတက်လာပြီး ရေကစားကြတာကြောင့် လည်ပတ်သူတွေ ခါတိုင်းနှစ်ထက်များလာတယ်လို့ သိရပါတယ်။
Source & Photo : DVB

No comments: