မဏ္ဍပ်တွေအများစုတည်ရှိတဲ့ ပြည်လမ်းမပေါ်မှာတော့ ရေပက်ခံသူတွေနဲ့ စည်ကားလို့နေပါတယ်။
မနေ့က ရန်ကုန်သင်္ကြန်က ထင်သလောက်မစည်ကားဘူးလို့ ထင်ရပေမယ့် ဒီနေ့မှာတော့ မဏ္ဍပ်တွေအများစုတည်ရှိတဲ့ ပြည်လမ်းမပေါ်မှာ တော့ ရေပက်ခံသူတွေနဲ့ စည်ကားခဲ့ပါတယ်။
ရန်ကုန်မြို့ ပြည်လမ်း အင်းယားကန်ဘောင်ရှေ့က သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်ခံသူတွေနဲ့ စည်ကားနေပါတယ်။
ပြည်လမ်း ကန်ဘောင်ရှေ့က ဖျော်ဖြေရေးမဏ္ဍပ်တွေမှာလည်း အဆိုတော်တွေက သီဆိုဖျော်ဖြေနေတာကို တွေ့ရပါတယ်။
ဒီနှစ်သင်္ကြန်မှာတော့ ရေပက်ခံသူများပေမယ့် ကားလမ်းပိတ်တာတွေ ဆိုးဆိုးဝါးဝါးမရှိပါဘူး။
လူစည်ကားတဲ့နေရာတိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အများအပြားချထားတာတွေ့ရပါတယ်။
သင်္ကြန်မဏ္ဍပ်တွေဘေးမှာ အရက်ဘီယာရောင်းချတာတွေ မတွေ့ရသလို ခိုက်ရန်ဖြစ်ပွားတာတွေလည်း မတွေ့ရပါဘူး။
Source & Photo : 7DayDaily,Nyein Chan,Myo Swe Oo
No comments:
Post a Comment