လျှပ်စစ်ရထား ဇန်နဝါရီလ ၁၀ရက်တွင် စတင်ပြေးဆွဲမည်
ရန်ကုန်၊ဇန်နဝါရီ ၇
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်ရည်ရွယ်၍
ဂျပန်နည်းပညာသုံး ပထမဆုံးလျှပ်စစ်ရထားကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှ
စ၍ တစ်ရက်လျှင် အသွား ဆယ်ကြိမ်၊အပြန် ဆယ်ကြိမ်နှုန်းဖြင့်
စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(အောက်မြန်မာပြည်)ထံမှ
သိရသည်။
“လက်ရှိမှာတော့
ဂိတ်အနေနဲ့တစ်ခုပဲ ဆောင်ရွက်ပြီးစီးသေးပါတယ်။နေရာများများကို
ပို့ဆောင်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားပါမယ်”ဟု မြန်မာ့
မီးရထား(အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
လျှပ်စစ်ရထား
စတင်ထွက်ခွာချိန်မှာ နေစဉ် နံနက် ၇နာရီဖြစ်ပြီး
ဝါးတန်းလမ်းမှလင်းစဒေါင်းအထိ ပြေးဆွဲမည်ဖြစ်ကာ ရထားစီးနင်းခမှာ လက်ရှိ ကျပ်
၁၀၀ ခန့်မှန်းထားကြောင်း၊ ရထားသိမ်းချိန်မှာ ညနေ ၃နာရီ ၁၅မိနစ်
ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ဝါးတန်းကနေ ၇နာရီစထွက်ရင် လင်းစဒေါင်းကို ၇နာရီခွဲမှာ ရောက်ပါမယ်။ ရထားက ၁၅ မိနစ် နားပြီးပြန်ထွက်မှာပါ”ဟု ၎င်းက ဆိုသည်။
ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့်ဂျပန်နိုင်ငံမှ West Corporation တို့
ပူးပေါင်းဆောင်ရွက်သည့် လျှပ်စစ်ရထားစီမံကိန်းမှ Phase-1 နှင့် Phase-2 ကို
ဆောင်ရွက်ပြီးဖြစ်ကြောင်း
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊လျှပ်စစ်ရထားပြေးဆွဲခြင်းဆိုင်ရာစီမံကိန်းဌာနထံမှ
သိရသည်။
ထပ်မံ၍ Phase-3 အတွက် ဝါးတန်းလမ်းမှ ကြည့်မြင်တိုင်အထိ
ဆက်လက်ဆောင်ရွက်မည်ဖြစ်သောကြောင့် မြို့ပတ်ရထားခရီးစဉ်အဖြစ် ပြေးဆွဲရန်
ရည်ရွယ်ထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
လျှပ်စစ်ရထားကို ၁၉၀၄ ခုနှစ်တွင် တစ်ကြိမ်ပြေးဆွဲဖူးခဲ့ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၁၀ရက်မှစတင်ကာ ပထမဆုံးပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။
အဆိုပါ လျှပ်စစ်ရထားစတင်ပြေးဆွဲခြင်းနှင့်ပတ်သက်ပြီး ဇန်နဝါရီလ ၁၀ရက်
နံနက် ၇နာရီ၌ ကမ်းနားလမ်းတွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ပြီး
ဖွင့်ပွဲတက်ရောက်သည့် တာဝန်ရှိလူကြီးများနှင့် မီဒီယာများကို
လေ့လာသည့်အနေဖြင့် လိုက်ပါစီးနင်းစေမည်ဖြစ်ကြောင်း
မြန်မာ့မီးရထား(အောက်မြန်မာပြည်)ထံမှ သိရသ
No comments:
Post a Comment