Friday, January 8, 2016

မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ပါမစ် ကုန်သွယ်ရေးတွင် သာ လျှောက်ထားရမည်

မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ပါမစ် ကုန်သွယ်ရေးတွင် သာ လျှောက်ထားရမည်
မော်တော်ယာဉ်တင်သွင်းခြင်းနှင့်စပ်လျဉ်း၍ သွင်းကုန်ပါမစ်နှင့် လိုင်စင်လျှောက်ထားခြင်းကို ယခင်နှစ်များအတိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနတွင်သာ ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) က သတင်းထုတ်ပြန်သည်။
အဆိုပါ လိုင်စင် ပါမစ်လျှောက်ထားမှုကို ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှစတင်ကာ ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထား နိုင်မည်ဖြစ်ကြောင်း ကညနက ထုတ်ပြန်ထားသည်။
ယမန်နှစ်က ပြဋ္ဌာန်းထားသော မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ်တင်သွင်းခြင်း၊ မှတ်ပုံတင်ခြင်း စသည့် ကိစ္စရပ်များကို ကညနကသာ ကိုင်တွယ်မည်ဖြစ်သော်လည်း မကြာသေးမီက ဝေဖန်ကန့်ကွက်မှုများကြောင့် သမ္မတရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ယင်းသို့ ပြင်ဆင်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
"ကျွန်တော် နားလည်သလောက် ပို့ကုန်သွင်းကုန်လုပ်ငန်းဆိုတာ စီးကူးကပဲ လုပ်ရမှာ။ စီးကူးက ထုတ်ပေးလိုက်တဲ့ လိုင်စင်ပါမစ်စာရွက်ပေါ်မူတည်ပြီး ကျန်သက်ဆိုင်ရာဌာနက ဆက်ပြီးဆောင်ရွက်ရမှာပေါ့" ဟု Evergreen Autos ကားအရောင်းစင်တာ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်လှိုင်က ဆိုသည်။
အဆိုပါမော်ဒယ်နှစ်သတ်မှတ်ချက်ပြဿနာကို ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းဝန်ကြီးဌာနနှင့် မော်တော်ယာဉ်တင်သွင်းသူလုပ်ငန်းရှင်များ ဆွေးနွေးမှုမပြေလည်ချိန်တွင် သမ္မတရုံးအဖွဲ့၏ ကြားဝင်ညှိနှိုင်းမှုကြောင့် ဇန်နဝါရီလ ၇ ရက်နေ့က ၂၀၁၆ ခုနှစ်အတွက် မော်ဒယ်နှစ်သတ်မှတ်ချက်ကို အသစ်ပြန်လည်ထုတ်ပြန်ခဲ့သည်။

No comments: