Friday, January 8, 2016

တကယ် မိုးပျံနိုင်သည့် ဟိုဗာဘုတ်ပြား ဒေါ်လာ(၂၀၀၀၀) နဲ့ ၀ယ်နိုင်

 ယနေ့ ဟိုဗာဘုတ်ဟု ဆိုလိုက်လျှင် နှစ်ဘီး တပ်ထားပြီး စကိတ်နဲ့ ခပ်ဆင်ဆင် သွားနိုင်သော မော်တာ တပ်ထားသည့် ဘုတ်ပြားများကိုသာ ပြေးမြင်မိကြလိမ့်မည်။ တကယ်တမ်း ဟိုဗာဘုတ် ဟူသော နာမည် စပေါ်လာချိန်တုန်းကမူ မိုးပျံနိုင်သော စကိတ်ငယ် အဖြစ် တင်စားခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါမတော့ တကယ်ကို မိုးပျံနိုင်သော ဟိုဗာဘုတ်ပြား ပေါ်လာပြီ။ ဒေါ်လာ နှစ်သောင်း အပိုသုံးစရာရှိလျှင် ၀ယ်စီးနိုင်ပြီ။

          အမေရိကန်နိုင်ငံ နယူးမက္ကစီကို ပြည်နယ်မှ Arca Space Corporation က ထုတ်လုပ်ထားခြင်း ဖြစ်သည်။ မြေကြီးပေါ်မှာ သာမက ရေပြင်ပေါ်မှာပါ ပျံဝဲသွားလာနိုင်သည်။ ဟိုဗာဘုတ်သည် မြေပြင်အထက် တစ်ပေ အကွာကနေ ပျံသန်းနိုင်သည်။ အလေးချိန် (၂၄၃) ပေါင်ထိကို သယ်ဆောင် ပျံသန်းနိုင်သည်။

            ArcaBoard ဟု နာမည် ပေးထားသည်။ မြင်းကောင်ရေ (၂၇၂) ကောင်အားရှိသည်။ ဘတ်ထရီအား (၂၀၃၀၀၀) ၀ပ်ရှိသည်။ ဘက်ထရီ အပြည့် အားသွင်းထားလျှင် ခြောက်မိနစ်လောက် ပျံသန်းနိုင်သည်။ နောင်တွင် ဘက်ထရီ ပိုကြာကြာခံအောင် အဆင့်မြှင့်သွားမည်ဟု သိရသည်။

            ArcaBoard ၏ အလေးချိန်သည် ပေါင် (၁၈၀) ရှိသည်။ လေပေါ် ပျံဝဲနိုင်စေရန် ဟိုဗာဘုတ်ပြား အောက်ခြေတွင် စွမ်းရည်မြင့် ပန်ကာ (၃၆) လုံး ပါဝင်သည်။ ထို (၃၆) လုံး၏ တွန်းအားသည် ပေါင် (၄၃၀) အလေးချိန်ထိကို လေထဲမြှောက်တင် ပေးထားနိုင်သည်။

သွားလိုသည့် ဦးတည်ရာကို စီးနင်းသူ၏ ခန္ဓာကိုယ်ဖြင့်ပင် ဟန်ချက် ထိန်းသွားနိုင်သည်။

No comments: