Friday, December 4, 2015

RCSS/SSA ၏ အမှတ် (၇၀၁) စစ်ဒေသအတွင်းရှိ TNLA တပ်များအား ပြန်လည်ဆုတ်ခွာမပေးပါက တိုက်ပွဲပြင်းထန်နိုင် =======================================

RCSS/SSA ၏ အမှတ် (၇၀၁) စစ်ဒေသအတွင်းရှိ TNLA တပ်များအား ပြန်လည်ဆုတ်ခွာမပေးပါက တိုက်ပွဲပြင်းထန်နိုင်
=======================================

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် (ရွှေလီမြစ်ဝှမ်းဒေသ) အမှတ် (၇၀၁) စစ်ဒေသမှ စစ်သည်များသည် ၎င်းတို့ ဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်းမှာ NCA လက်မှတ်ထိုးပြီးသည့်နောက် NCA စာချုပ်ပါအချက်များချပြသည့် သင်တန်းအား တက်ရောက်ခဲ့ကြပြီး မိမိတို့ ဒေသသို့ အပြန်လမ်းတွင် TNLA တပ်ဖွဲ့ဝင်များမှ ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ ခြုံခိုတိုက်ခိုက်မှုတွင် RCSS/SSA အဖွဲ့မှ ၃ ဦးကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု RCSS/SSA ဌာနချုပ်မှ ထုတ်ပြန်ထားသည်။ RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ်မှ “ကျနော်တို့ဌာနချုပ်လွယ်တိုင်းလျဲန်းမှာ NCA ဆိုင်ရာသင်တန်းလာတက်ပြီး လူထုကို ပြန်ရှင်းပြဖို့ အမှတ် ၇၀၁ စစ်ဒေသ (ရွှေလီမြစ်ဝှမ်းဒေသ) ကို ပြန်တဲ့ ကျနော်တို့ စစ်ကြောင်းကို ပလောင်တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်တာ။ ကျနော်တို့ စစ်ကြောင်း အဲဒီ့ဘက် ဖြတ်ပြန်မယ်ဆိုတာ သူတို့ဆီကိုလဲ အကြောင်း ကြား တာဘဲ။ ဘာဖြစ်လို့စောင့်တိုက်တာလဲမသိဘူး။ ပြသနာဒီ့ထက်ပို မကြီးလာေ အာင် သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေပါတယ်” ဟု ပြောကြားခဲ့သည်။

“ဒီကိစ္စနှင့်ပက်သက်ပြီးတော့ ကြည့်မယ်ဆိုရင် TNLA တအောင်းတပ်ဖွဲ့ဝင်တွေက ကျွန်တော်တို့ အမှတ် (၇၀၁) စစ်ဒေသထဲကို ၀င်ပြီးနေရာယူထားလို့ ဖြစ်နေတာ။ ကျွန်တော်တို့ တပ်တွေ အေးအေးဆေးဆေး အနားယူနေတဲ့အချိန်မှာ သူတို့က ၀င်ပြီး နယ်မြေလုယူထားတယ် နောက်ပိုင်း ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုတော့သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နယ်မြေဒေသ အေးချမ်းရေးအတွက် TNLA တပ်များ အမြန်ဆုံး ထွက်ခွာပေးဖို့ တောင်းဆို ထားတယ် တကယ်လို့ မဆုတ်ဘူးဆိုရင်တော့ ထိပ်တိုက်ရှင်းရတော့မှာပေါ့” ဟု RCSS/SSA အမှတ် (၇၀၁) စစ်ဒေသမှ ပြောကြားထားသည်။

By Voice Of Kachin

No comments: