အစိုးရသစ်မှာ အပေါ်ကစလို့ အောက်ခြေအထိ ပြောင်းဖို့ လိုအပ်တဲ့ ထွေအုပ်
********************************-
ရန်ကုန်၊ ဒီဇင်ဘာ ၂၃ - မကြာခင်မှာ အ စိုးရသစ်ဖြစ်လာတော့မယ့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ အစိုးရလက်ထက်မှာ လာဘ်စားမှု တွေကို တိုက်ဖျက်ပြီးတရားဥပဒေ စိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနတွေ တာ ဝန်ယူတတ်မှုရှိရေးတို့ကို လုပ် ဆောင်ပြီးတော့ စုစည်းလုပ်ကိုင်မှု အားနည်းနေတဲ့အစိုးရဌာန ယန္တ ရားတွေနဲ့ ဖောင်းပွနေတဲ့ အစိုးရ ဌာနတွေကို ကျစ်လျစ်မှုရှိအောင် ပြင်ဆင်ဖွဲ့စည်းသွမယ်လို့ တရား ဝင် ကြေညာထားပါတယ်။
အစိုးရရဲ့ ယန္တရားတွေထဲမှာ ပြည်သူတွေနဲ့ ထိတွေ့မှုအရှိဆုံးနဲ့ အရေးပါအရာရောက်ဆုံးဝန်ကြီး ဌာနကတော့ ပြည်ထဲရေးဝန်ကြီး ဌာနပဲ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနဟာ အခြားသောပြည်ထောင်စုဝန်ကြီး ဌာနအားလုံးအပြင် တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်က နေ ရပ်ကွက်၊ ကျေးရွာအထိကို လွှမ်းခြုံထားတဲ့ တပ်မတော်လက် အောက်မှာရှိတဲ့ ဝန်ကြီးဌာနတစ်ခု လည်း ဖြစ်ပါတယ်။
စစ်တပ်ကကြီးစိုးထားတဲ့ ဝန် ကြီးဌာနတစ်ခုဖြစ်တာကြောင့် ပြု ပြင်ပြောင်းလဲဖို့ အခက်ဆုံးဌာနလို့ လည်း ဆိုနိုင်ပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ ပြည်ထဲရေးဝန်ကြီးကို တော့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ကိုယ်တိုင်တိုက်ရိုက်ခန့်အပ် တာပဲ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အဓိကကျောရိုးကြီး ဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ အ ကျဉ်းဦးစီးဌာနနဲ့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနတွေ ပါဝင်ပါ တယ်။
ထွေအုပ် ဘာတွေလုပ်သလဲ
အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနဟာ ပြည်သူတွေနဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံမှုကို အများဆုံး လုပ်ရပြီး အစိုးရအဖွဲ့နဲ့ ပြည်သူ တွေကြား ပေါင်းကူးပေးတဲ့ဌာန ဖြစ်ပါတယ်။
အဲသည်ဌာနတွေအနက် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တော့ အစိုးရမဟုတ်တဲ့ အုပ်ချုပ် ရေးယန္တရားကြီး ဖြစ်ပါတယ်။ အစိုးရမဟုတ်တဲ့ အုပ်ချုပ်ရေးဌာန ဆိုတာက အင်္ဂလိပ်ခေတ်အစိုးရ လက်ထက်ကတည်းက တည်ရှိနေ တဲ့ အုပ်ချုပ်မှုပုံစံတစ်ခုလည်း ဖြစ် ပါတယ်။
၁၉၈၈ ခုနှစ်မှာ တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာ အုပ်ချုပ်မှုစနစ်တွေကို သိသိသာ သာပြောင်းလဲလာခဲ့ပါတယ်။ နဝ တအစိုးရက တပ်မတော်သားတွေ၊ ထွေအုပ်ဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်း အများဆုံးပါဝင်တဲ့ ပြည်နယ်/ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ငြိမ်ဝပ်ပိပြားမှုအ ဖွဲ့တွေကို အဆင့်ဆင့်စပြီး ဖွဲ့စည်း ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ လက် ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအရ ပြည်ထောင်စုအစိုးရရဲ့ ဒေသန္တရ အုပ်ချုပ်ရေးအဆင့်ဆင့်ကြားမှာ ဆက်သွယ်ပေးနေရတဲ့ ထွေအုပ် တွေရဲ့ အဓိက တာဝန်က အုပ်ချုပ် ရေးဆိုင်ရာ စီရင်စုတွေဖစ်တဲ့ ခရိုင် နဲ့ မြို့နယ်အ ဆင့်ဆင့်မှာ အုပ်ချုပ် ရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်ခဲ့ရပါတယ်။ ပြည် ထောင်စုနယ်မြေဖြစ်တဲ့ နေပြည် တော်မှာပါ တာဝန်ထမ်းဆောင်ခဲ့ ရပါတယ်။
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပုဒ်မ ၂၈၈ အရ ခရိုင်နဲ့ မြို့နယ် အဆင့်ဆင့်က အုပ်ချုပ်ရေးကို နိုင် ငံ့ဝန်ထမ်းတွေကိုသာ ခန့်အပ်ရ မယ်ဆိုတဲ့ သတ်မှတ်ချက်အောက် မှာတော့ ထွေအုပ်ရဲ့ အရေးပါအရာ ရောက်တဲ့ နေရာတော်တော်များ များကို တပ်မတော်အရာရှိဟောင်း တွေက ကြီးစိုးထားပါတယ်။
အထွေထွအုပ်ချုပ်ရေးဦးစီး ဌာနအနေနဲ့ ယစ်မျိုးမှု၊ မြေစီမံခန့်ခွဲ မှု၊ နယ်နိမိတ်ပြဿနာ၊ မြေခွန်နဲ့ အခြားယစ်မျိုးခွန်၊ ဂုဏ်ထူးဆောင် ဘွဲ့လက်မှတ်ထောက်ခံပေးတာ၊ မြေသိမ်းကိစ္စရပ်၊ သဘာဝ ဘေး အန္တရာယ်ပြင်ဆင်ခြင်း၊ ငွေစာရင်း စီမံခန့်ခွဲခြင်းနဲ့ မြို့နယ်ပြန်တမ်း များ ဆိုတဲ့ မူလတာဝန်တွေ ရှိပါ တယ်။
ဒါ့အပြင် အစိုးရသစ်နဲ့အတူ ပေါ်ထွက်ခဲ့တဲ့ တာဝန်သစ်တွေကို လည်း ထမ်းဆောင်ခဲ့ရပါတယ်။ တာဝန်သစ်တွေထဲမှာတော့ လူဦး ရေ စာရင်းကောက်ခံခြင်း၊ ခရိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေး၊ လူ မှုအဖွဲ့အ စည်းနဲ့ အင်န်ဂျီအိုများ မှတ်ပုံတင် ရေး၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေကို ပံ့ပိုးပေးတာ၊ ပြည် နယ် /တိုင်းလွှတ်တော်တွေကို ပံ့ပိုး ပေးတာ၊ ဒေသဖွံ့ဖြိုးရေးကော်မ တီတွေမှာ ပါဝင်တာ၊ နိုင်ငံတကာ မိတ်ဖက်အ ဖွဲ့အစည်းတွေနဲ့ ဆက် ဆံရတာတွေပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခြင်း၊ ဧည့်စာရင်းတိုင် ကြားခြင်း၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတွေ လုပ်ပေးခြင်း၊ မြို့ ရွာရပ်ကွက်တွေမှာ သာရေးနာ ရေးလုပ်ဆောင်ဖို့အတွက် ခွင့်ပြု ချက်တောင်းခံရခြင်းစတာတွေဟာလည်း ထွေအုပ်ခွင့်ပြုချက် အောက်မှာပဲ ရှိနေပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအနေနဲ့ အုပ်ချုပ်ရေးကိစ္စတွေအပြင် ယစ်မျိုးခွန်၊ မြေခွန်၊ တာတ မံခွန်နဲ့ ဓာတ်သတ္တုခွန်တွေကို လည်း ကောက်ခံရပါတယ်။ အခွန် လေးမျိုးကောက်ခံမှုကို အထွေ ထွေအုပ်ချုပ်ရေးပိုင်းအနေနဲ့ နိုင်ငံ တော်ကို တိုက်ရိုက်ငွေသွင်းတဲ့ပုံစံ နဲ့ ကောက်ခံနေပြီး သူတို့ကို ပြန်ချ ပေးတဲ့အခွန်ငွေတွေကို ဒေသခံဖွံ့ ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင် တယ်လို့ ဆိုပါတယ်။
နေ့စဉ်နဲ့အမျှဆိုသလို ပြည်သူ တွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ ရပ် ကွက်၊ ကျေးရွာတွေရဲ့ အုပ်ချုပ် ရေးမှူးတွေဟာ ပြည်ထဲရေးဝန် ကြီးဌာနလက်အောက်ခံဖြစ်တဲ့ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်မှာရှိနေခဲ့တာပါ။
အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့ လက်အောက်ခံဖြစ်တဲ့ရပ် ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တွေမှာတော့ လုပ်ငန်းတာဝန် ပေါင်းက ၃၂ခုရှိနေပါတယ်။ အဲ သည်တာဝန်တွေထဲမှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအး ချမ်းသာယာရေးတို့လို အနက် အဓိပ္ဗာယ်ကျယ်ပြောတဲ့ စကားလုံး တွေလည်း ပါဝင်နေပါတယ်။
အစိုးရသစ်လက်ထက်မှာ တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို နိုင်ငံတော်က လစU်ချီးမြှင့် ထောက်ပံ့ငွေ ၇၀,ဝ၀ဝနဲ့ ရုံးသုံး စရိတ် ငွေ ၅၀,ဝ၀ဝ ကို ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရရှိခံစားရပါတယ်။
ေ ထွအုပ်နဲ့ ပြည်သူ
အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ပြည်သူတွေကြား မကျေလည်မှု များစွာ ဖြစ်ပေါ်နေပြီး အစိုးရသစ် မှာ အရင်ဆုံးပြုပြင်ပြောင်းလဲရ မယ့်ကဏ္ဍလို့ ပြည်သူတွေ၊ လူမှုအဖွဲ့ အစည်းတွေနဲ့ လွှတ်တော်အ မတ်အချို့က ထောက်ပြပြောဆို ကြပါတယ်။
“ထွေအုပ်ရဲ့ အုပ်ချုပ်ရေးအ ဆင့်ဆင့်ကို ကြည့်ရင် ကျွန်တော် တို့ နိုင်ငံဟာ စစ်တပ်အုပ်ချုပ်မှု အောက်မှာပဲ ဆက်ရှိနေသေး တယ်ဆိုတာကို သွားတွေ့ရတယ်၊ ၂၀ဝ၈ဖွဲ့စည်းပုံရေးဆွဲက တည်းက လွှတ်တော်ထဲမှာ စစ်တပ်က ၂၅ ရာခိုင်နှုန်းယူထားရုံနဲ့တင် စိတ်မချ နိုင်သေးဘဲ ပြည်သူကို တရားစွဲ တာ၊ ဖမ်းတာဆီးတာ၊ တိုင်းပြည် အတွက် ဆူးညှောင့်ထင်တဲ့သူတွေ ကို ဖမ်း ဆီး တာ ထိ ထိ ရောက် ရောက် လုပ်နိုင်ဖို့အတွက် တပ်မ တော်က ခန့်အပ်တဲ့ ဝန်ကြီးတစ်ဦး က ဒီဌာနကို တွဲယူထားတာ”လို့ သီ ပေါမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးရဲထွန်းက ပြော ပါတယ်။
ဖွဲ့စည်းပုံအရ နိုင်ငံဝန်ထမ်း ဖြစ်တဲ့ ထွေအုပ်ဌာနဝန်ထမ်းတွေက အ ထက် အ ဆင့် ဆင့် ကို ကြောက်ရွံ့နေရဆဲဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။
ထွေအုပ်ဝန်ထမ်းတွေဟာ အဆင့်အလိုက် ဆက်ဆံရေးတင်း မာပြီး ပြည်သူတွေက လိုအပ်လို့ သွားတဲ့အခါတိုင်း ဆက်ဆံရေး မောက်မာတာ၊ ငွေကြးတောင်းခံ တာ၊ အချိန်ဆွဲတာတွေကို အမြဲ ကြုံတွေ့နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
“လက်ရှိအုပ်ချုပ်ရေးမှူးတွေ က ဧည့်စာရင်းတိုင်တာလောက်ပဲ လုပ်ရတာ။ ကျန်တဲ့အပိုင်းတွေမှာ လုပ်တာမတွေ့ဘူး။ ပြည်သူတွေနဲ့ အလှမ်းဝေးသွားတာပေါ့”လို့ လှိုင် သာယာမြို့နယ် (၁၀) ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဟောင်း တစ် ယောက်ဖြစ်တဲ့ ဦးကျာ်မိုးအောင် က ပြောပါတယ်။
လက်ရှိအုပ်ချုပ်ရေးမှူးတွေ က နိုင်ငံတော်က လစာပေးထားတဲ့ အတွက် ပိုပြီးတာဝန်ကျေသင့် တယ်လို့ သူကပြောပါတယ်။ ဒါပေ မဲ့ အုပ်ချုပ်ရေးမှူးတွေက ဝတ်ကျေ တမ်းကျေပုံစံမျိုးတွေ ဖြစ်နေတာ ကြောင့် ပြည်သူတွေက အရေးမ စိုက်တော့ဘူးလို့ သူကဆက်ပြော ပါတယ်။ ရပ်ကျေးအဆင့်ကစပြီး မြို့ နယ်အလိုက် အဆင့်ဆင့်သွားရ တာ ခက်ခဲတယ်။ ကိုယ့်ဘက်က တင်ပြတဲ့ကိစ္စတွေမှာ သူတို့ဘက် က တာဝန်ယူမှု၊ တာဝန်ခံမှုတွေ သိပ်မရှိဘူး။ သွားလိုက်ရင် တာဝန် ခံမှုရှိတဲ့ လူကြီးဆိုတာ မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ ဆန္ဒ ထုတ်ဖော်ဖို့ တင်ပြခဲ့တဲ့ လူထု အခြေပြုအဖွဲ့ အစည်းတွေက ပြော ပါတယ်။
မလိုအပ်ဘဲကြန့်ကြာ
အုပ်ချုပ်ရေး ကဏ္ဍအပြင် အ ခွန်ကောက်ခံရေး၊ ဒေသဖွံ့ ဖြိုးရေး စတဲ့ နေရာတော်တော်များများမှာ အရေးပါတဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကြောင့်လည်း အချို့  သောကိစ္စတွေမှာ မလိုအပ်ဘဲ ကြန့် ကြာမှုတွေက ရှိနေတယ်ဆိုတဲ့ ဝေ ဖန်မှုတွေကလည်း ရှိနေပါတယ်။
အလုပ်သမားတွေအတွက် အ လုပ်သမားအခွင့်အရေး အပြည့်အ ဝရရှိဖို့နဲ့ အလုပ်ရှင် အလုပ်သမား ပြသနာတွေကို ဖြေရှင်းပေးဖို့အ တွက်ဖွဲ့ စည်းထားတဲ့ မြို့ နယ်အ ဆင့်အလုပ်သမားပြဿနာများ ဖျန်ဖြေရေးကော်မတီမှာလည်း မြို့  နယ်ထွေအုပ်က ကော်မတီဥက္ကဌ နေရာမှာ ပါဝင်နေတဲ့ အတွက် အ စိုးရရဲ့  ဖွဲ့စည်းပုံကို ဘဝင်မကျမိ ဘူးလို့ မြန်မာနိုင်ငံအလုပ်သမား များသမဂ္ဂအဖွဲ့ ချုပ် ဥက္ကဋ္ဌ လည်း ဖြစ်တဲ့ ဦးအောင်လင်းက ပြောပါ တယ်“ ထွေအုပ်က မြို့ နယ်အဆင့် ကနေ ဟိုကျေးရွာအဆင့်အထိ နေ ရာ တကာမှာ ပါနေတယ်၊ အဲဒီ တော့ဖွဲ့ စည်းပုံကလွဲချော်နေတယ်၊ တကယ့် ထဲထဲဝင်လုပ်ရမယ့် နေရာ တွေမှာ ကျွမ်းကျင်သူတွေမရှိဘူး ဖြစ်နေတယ်”လို့ ဆိုပါတယ်။
အလားတူပဲ မြေယာစီမံခန့်ခွဲ မှုတွေမှာလည်း အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနက လူတွေပါဝင် ပတ်သက်နေပါတယ်။
လွှတ်တော်ကိုယ်စားလှယ်
တွေရဲ့  အခက်အခဲ
အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနအနေနဲ့ ပြည်သူတွေနဲ့တင်မ ကဘဲ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ လည်း အားနည်းတယ်လို့ ကိုယ် စား လှယ် တွေ က ဝေ ဖန် ကြ ပါ တယ်။
ဒေသင်္ဖွံ့ ဖြိုးရေး လုပ်ငန်းတွေမှာလည်း ကိုယ်စားလှယ်တွေကို မတိုင်ပင်ဘဲ လုပ်နေကြတယ်လို့ လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။
တိုင်းရင်းသား ဒေသတွေမှာ လည်း သက်ဆိုင်ရာတိုင်းရင်းသား တွေကိုယ်တိုင်ရွေးတဲ့ အုပ်ချုပ်ရေး မှူးတွေ ဖြစ်လာမယ်ဆိုရင် တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး လည်း ပို ကောင်း သွား မယ် လို့ ထောက်ပြထားပါတယ်။ ဒါတွေအားလုံးက မြန်မာနိုင်ငံမှာ လက် ရှိကျင့်သုံးနေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်ပြီး တ ကယ်တမ်းမှာတော့ အုပ်ချုပ်ရေး ဝန်ထမ်းတွေဟာ ပြည်သူကို သိပ် ပြီးတော့ မျက်နှာမူတာ မတွေ့ရဘူး လို့ ဝေဖန်ထားပါတယ်။
ဆန္ဒပြရင်လည်း
ထွေအုပ်ခွင့်ပြုချက်လို
ပြည်သူတစ်ဦးတစ်ယောက် ချင်းစီရဲ့ မွေးရာပါရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တွေအတွက်လည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ခွင့်ပြုချက် လိုပါတယ်။
“စီတန်းလှည့်လည်ခွင့်နဲ့ပတ် သက်ရင် ငြင်းပယ်ရမယ်လို့ ပြဋ္ဌာန်း ချက်တွေမရှိဘူး၊ ငြင်းပယ်တာ တွေက မမှန်ကန်ဘူး၊ ဒါက ပြည်သူ တွေ လွတ်လပ်ခွင့်တွေ ဆုံးရှုံး တယ်”လို့တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က ပြောပါ တယ်။
ထွေအုပ်တွေအနေနဲ့ ရပ်ကျေး တွေကို ပီပီပြင်ပြင်အလုပ်လုပ်ဖို့ ဆောင်ရွက်သင့်ပြီး သူတို့တွေရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့ အညီ တိတိ ကျကျပြဋ္ဌာန်းပေးဖို့၊ ဥပဒေက ခွင့် ပြုတာမဟုတ်တဲ့ကိစ္စတွေမှာ ဝင် ပြီးတော့ မလုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။
ထွအုပ်ချုပ်ရေးဦးစီး ဌာနနဲ့ ဆက်ဆံတဲ့နေရာမှာ မြန်မာ နိုင်ငံကိုလာရောက်ကူညီကြတဲ့ ကုလသမဂ္ဂအဖွဲ့
နိုင်ငံတကာအဖွဲ့အစည်း
များ အကျပ်အစည်းတွေအပါ အဝင် ပြည်တွင်းက အရပ်ဘက် အဖွဲ့အစည်း (CSOs) တွေမှာ လည်း အခက်အခဲတွေအများကြီး နဲ့ ကြုံတွေ့နေရပါတယ်လို့ နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ အရပ် ဘက် အဖွဲ့အစည်းတွေက ပြောပါ တယ်။
နိုင်ငံတကာအကူအညီပေး ရေးအဖွဲ့တွေအနေနဲ့လည်းအစိုးရ နဲ့ သဘောတူညီမှုစာချွန်လွှာလက် မှတ်ရေးထိုးနိုင်ပေမဲ့ သက်ဆိုင်ရာ မြို့နယ်မှာ ရှိနေတဲ့ ထွေအုပ်တွေက ဒေသဖွ့ဖြိုးရေးလုပ်ငန်းဆောင် ရွက်မှုတွေကို နားမလည်တာမျိုး ကြုံတွေ့ရတယ်လို့ ရခိုင်ပြည်နယ် မှာ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေ တဲ့ အိုင်အင်န်ဂျီအိုတစ်ခု က ဒေါ်နန့် မေသဉ္ဖာက ဆိုပါတယ်။
“ထွေအုပ်တွေက ဒေသဖွံ့ဖြိုး ရေးလာလုပ်တဲ့ လူတွေကို ပိုက်ဆံ တောင်းတာတွေရှိတယ်၊ ပြီးတော့ ဒါတွေဒါတွေလုပ်ပေးရမယ်ဆိုပြီး တောင်း ဆို တာ တွေ ရှိ တယ်၊ နောက်ပြီး ဘာလုပ်လုပ် ထွေအုပ် တွေရဲ့ aprove aprove (ခွင့်ပြု ချက်)ဆိုတာချည်းပဲ လက်မှတ်ထိုး ခိုင်းနေရတယ်၊ အဲဒီအတွက် ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ နှောင့် နှေးကြန့်ကြာတယ်”လို့ သူက ပြော ပါတယ်။
အလုပ်လျှောက်တဲ့အခါ
အလုပ်လျှောက်ဖို့နဲ့ အခြား သောအကြောင်းကိစ္စတွေအတွက် ရပ်ကွက်၊ ကျေးရွာအတွင်းမှာ ပြစ် မှုကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာမှာလည်း အဆင်မပြေမှု တွေ များစွာရှိနေပါတယ်။
“ကျွန်တော်အလုပ်လျှောက် ဖို့ ရပ်ကွက်ထောက်ခံစာလိုလို့ သွားလုပ်တယ်၊ ရုံးကညမှဖွင့်တယ် ဆိုတော့ ညသွားရတယ်၊ ထောက် ခံစာရဖို့အတွက်ကို အိမ်ထောင်စု စာရင်းမိတ္တူတွေ၊ မှတ်ပုံတင်မိတ္တူ တွေလိုတယ်ဆိုတော့ ယူသွားပေး တယ်၊ အထောက်အထားတွေပြည့်စုံနေပါလျက်နဲ့ ချက်ချင်း မလုပ်ပေးဘူး၊ လုပ်ပေးပြီးတော့ လဲ စေတနာရှိသလောက်ဆိုပြီး ပိုက်ဆံပေးရတယ်”လို့ တာမွေမြို့ နယ်၊ ကျောက်မြောင်းရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းဇော်က ပြောပါ တယ်။
ထွေအုပ်လုပ်ပိုင်ခွင့်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေဟာ မြို့နယ် ၃၃၀ လုံးမှာ စနစ်တကျဖွဲ့ စည်းထားပြီး ညွှန် ကြားရေးမှူးချုပ်တစ်ဦီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ၁၆ ဦး၊ ညွှန် ကြားရေးမှူး ၂၅ ဦး၊ ဒုတိယညွှန် ကြား ရေး မှူး ၁၃၂ ဦး၊ လက် ထောက်ညွှန်ကြားရေးမှူး ၄၉၃ ဦး၊ ဦီးစီးအရာရှိ ၁၄၅၂ ဦီးနဲ့ ဖွဲ့ စည်း ထားပါတယ်။
မြို့ နယ်ရုံးအဆင့်မှာဆိုရင် မြို့  နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဒုတိ ယ မြို့ နယ်အုပ်ချုပ်ရေးမှူးတစ်ဦး၊ ဌာနခွဲ (၁) (၂) (၃) ရှိပြီး မြို့ နယ်ရုံး တစ်ရုံးမှာဝန်ထမ်းပေါင်း ၃၄ ဦးရှိ ပါတယ်။
ထွေအုပ်ချုပ်ရုံးတွေရဲ့  အကြီး အကဲအားလုံးဟာ တပ်မတော် သားတွေဖြစ်ပါတယ်။
မြို့ နယ်ထွေအုပ်ရုံးတွေဟာ ဒေသအလိုက်ဖွံ့ ဖြိုးရေးလိုအပ် ချက်ပေါ်မူတည်ပြီး ဘတ်ဂျက်ရေး ဆွဲပေးရပြီး ဆွဲပေးတဲ့ ဘတ်ဂျက် ကိုနယ်စပ်ရေးရာဝန်ကြီးဌာနက အပြည့်အဝ အကောင်အထည် ဖော်ရပါတယ်။
ပြည်နယ်နဲ့ တိုင်းမှာဆိုရင် လည်း ပြည်ထောင်စုကပေးတဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ရန်ပုံ ငွေကို ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများ ဘယ် လို သုံး စွဲ ရ မယ် ဆို တာ ကို သက်ဆိုင်ရာထွေအုပ်က ဆုံးဖြတ် ပေးရတာ ဖြစ်ပါတယ်။
အဲသည် လုပ်ငန်းတွေ အ ကောင်အထည်ဖော်ရာမှာလည်း စီမံ ခန့်ခွဲမှုပိုင်းမှာ ထွေအုပ်က အ ရေးပါသူ အနေနဲ့ ပါဝင်ပါသေး တယ်။
ထွေအုပ်ဟာ ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေကိုလည်း သက်ဆိုင်ရာမြို့  နယ်အလိုက်ကြီးကြပ်ရာမှာ တာ ဝန်ယူထားပါတယ်။
နေပြည်တော်ကောင်စီမှာ ဆို ရင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရဲ့  အကြီးအကဲဟာ နေပြည် တော်ကောင်စီရဲ့  အတွင်းရေးမှူး ဖြစ်ပါတယ်။
ထွေအုပ်ရဲ့  နေပြည်တော်ရဲ့  အရေးကြီးတဲ့ ကဏ္ဍတစ်ခုက တော့ နိုင်ငံတော်သမ္မတရုံးရဲ့  အခမ်းအနား ဥပမာ ပြည်ထောင်စု အခမ်းအနား ကျင်းပမှုမှာလည်း ထွေ အုပ်ရဲ့ ပံ့ပိုးမှုတွေကို လုပ် ဆောင်တာအဖြစ် ထည့်သွင်းထား ပါတယ်။
ထွေအုပ်ဝန်ထမ်းတွေအနက် ၆၅ ရာခိုင်နှုန်းမှာ အမျိုးသားတွေ ဖြစ်ပြီး အရာထမ်းဝန်ထမ်းတွေ မှာလည်း အမျိုးသားတွေက ၈၉ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ၂၀၁၄ ခုနှစ်မှာ ထုတ်ခဲ့တဲ့ မြန်မာ ဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်အ ဖွဲ့အစည်း၊ စီးပွားးရေးနှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (MDRI) နဲ့ အာရှဖောင်ဒေးရှင်းတို့ရဲ့ အစီ ရင်ခံစာအရ သိရပါတယ်။
ထွေအုပ်မှာရှိနေတဲ့ မြို့နယ် ၃၃၀မြို့နယ်မှာလည်း အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦးမှရှိမနေဘူး လို့ အစီရင်ခံစာက ဖော်ပြထားပါ တယ်။ မြန်မာတစ်နိုင်ငံလုံး ရပ် ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး စုစု ပေါင်း ၁၅,၉၇၂ ဦးမှာ အမျိုးသမီး အုပ်ချုပ်ရေးမှူး ၁၇ ဦးသာ ရှိနေ တယ်လို့လည်း သိရပါတယ်။
၂၀၁၃-၂၀၁၄ ပြည်နယ်နဲ့ တိုင်းဒေသကြီးများ ထွေအုပ် ရဲ့ အသုံးစရိတ်က ကျပ်သန်း ပေါင်း ၈၃,၄၀၉ ရှိတယ်လို့ သိရပါ တယ်။
အများဆန္ဒနဲ့ရွေးချယ်သင့်
ဒီမိုကရေစီအစိုးရလက်ထက် မှာတော့ သူတို့ကိုလည်း အများ ဆန္ဒနဲ့သာ ရွေးချယ်သင့်တယ်လို့ ထောက်ပြကြပါတယ်။
အပေါ်မှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲနေပြီး အောက် ခြေမှာ မပြောင်းလဲတာက ထွေအုပ်ရဲ့ အုပ်ချုပ်ရေးမှူးတွေဟာ ရွေးကောက်တင်မြှောက်တာ မ ဟုတ်တာလည်း အကြောင်းအရာ တစ်ခုပဲလို့ လွှတ်တော်ကိုယ်စား လှယ်အချို့က ပြောပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၈ မှာ ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် တို့ရဲ့ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်း များကို တာဝန်ပေးဆောင်ရွက်စေ ရမယ်လို့ ထည့်သွင်းပြဋ္ဌာန်းထား ပါတယ်။
သားဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနကို ပြည်သူ့ဆန္ဒအ လျောက် ရွေးချယ်တဲ့ပုံစံပြောင်း ချင်တယ်ဆိုရင် ဖွဲ့စည်းပုံပုဒ်မ ၂၈၈ ကို ပြင်ရမှာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံထဲက ထွေအုပ်နဲ့ ပတ် သက် တဲ့ ပုဒ် မ ကို ပြင် ဖို့ က လည်း တပ်မတော်သား ၂၅ ရာခိုင် နှုန်းရဲ့ ထောက်ခံမှုကို လိုအပ်တာ ကြောင့် မလွယ်တဲ့ ကိစ္စတစ်ခု ဖြစ် ပါတယ်။
အင်န်အယ်လ်ဒီ အစိုးရတက် လာရင်လည်း အဲသည် ယန္တရား ကြီးကို ပြည် သူ က ရွေး ကောက် တင်မြှောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အစား မထိုးနိုင်ရင်၊ စနစ်ကို အပြောင်းအ လဲ မလုပ်နိုင်ရင် ခိုင်မာတဲ့ အ ပြောင်းအလဲဖြစ်လာဖို့ မလွယ်ဘူး”လို့ သူက ဆက်ပြောပါတယ်။
author နိုင်ငံရေးသတင်းအဖွဲ့
No comments:
Post a Comment