မုန့်မျိုးစုံလုပ်နည်းသင်တန်းဖွင့်လှစ်
မြစ်ကြီးနား ဒီဇင်ဘာ ၃
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းနှင့်အောင်နန်းရိပ်သာရပ်ကွက် ကက်သလစ်ဘုရားကျောင်းကရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်းတို့ပူးပေါင်း၍ မုန့်မျိုးစုံလုပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်း အချက်အပြုတ်သင်တန်းခန်းမရှေ့၌ ကျင်းပရာ အိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမ
ကြီး ဒေါ်ခင်အုန်းကသင်ကြားမည့်ဆရာမများ၊ သင်ကြားပေးမည့်မုန့်အမျိုးအစားများနှင့်ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပေးသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား၊သင်တန်းသူ ၂၂ ဦးတက်ရောက်သင်ကြား
လျက်ရှိပြီး အာလူးဆနွင်းမကင်း၊ ငှက်ပျောဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ ကြက်ဥကျောက်ကျော၊ သီးစုံကျောက်ကျော၊ ကြက်ဆီထမင်းနှင့်ဒံပေါက်ထမင်းစသည့်ချက်နည်းများကို သင်တန်းနည်းပြများက သုံးရက်ကြာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ (၄၀၃)
No comments:
Post a Comment