Friday, December 4, 2015

"ရဲအရာရှိနှစ်ဦးအား သတ်သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ် "

"ရဲအရာရှိနှစ်ဦးအား  သတ်သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ် "

ရဲအရာရှိနှစ်ဦးကို ဓါးဖြင့်ထိုးခဲ့သည့် တရားခံပြေးတင်မြင့်ကို တောင်ပိုင်းခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ)ဖြင့် သေဒဏ်ချမှတ်ခဲ့ပြီး မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချမှတ်လိုက်သည်။

ထို့ပြင်  ပုဒ်မ ၃၃၂ အတွက် အလုပ်နှင်ထောင်ဒဏ်သုံးနှစ် ကျခံရန်လည်း ယနေ့(ဒီဇင်ဘာ ၄ )တွင် တောင်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

"အယူခံဝင်ဖို့မရှိဘူး ဖြစ်သမျှအကြောင်းပဲ တရားနဲ့ပဲဖြေတယ် ယောက်ျားပဲလုပ်ရဲရင်ခံရဲရမှာပေါ့လို့ပြောချင်ပါတယ်" ဟု ပြစ်ဒဏ်ချခံရသူ၏ မိခင် ဖြစ်သူ က ပြောကြားသည်။

တရားခံပြေးတင်မြင့်အားစွဲဆိုထားသည့် ပြစ်မှုပုဒ်မ ၃၀၂ (၁)(ခ) သည် သေဒဏ်အထိ အမိန့်ချမှတ်နိုင်သည့် ပုဒ်မဖြစ်၍  တင်မြင့်က ၄င်းသည် တမင် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ ဓါးနှစ်လက်ဖြင့်ဝှေ့ရမ်းထွက်ပြေးခဲ့ခြင်းသာ ဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုထားခြင်း ဖြစ်သည်။

No comments: