Wednesday, August 24, 2016

စက်ပျက်၍ ရပ်ထားသော ကုန်တင်ကားအား Taxi မှ ဝင်တိုက် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး


 


24.8.2016 ရက် 4:40 AM အချိန်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ CNG gasဆိုင်ရှေ့တွင် စက်ပျက်၍ ရပ်တန့်ထားသော ကုန်ကားကြီးအား အနောက်မှ taxi ကားမှ ဝင်တိုက်မိသဖြင့် ကားလေးမှာ ယာဉ်မောင်းနား ထိ ကုန်ကားကြီး၏ ဘော်ဒီ အောက်ပိုင်းသို့ ရောက်ရှိ သွားခဲ့ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကားလေးအတွင်း ရှေ့ညှက်မိနေသူ အမျိုးသမီးနှင့် ယာဉ်မောင်းဖြစ်သူ တို့ နှစ်ဦးအား ကားလေး အတွင်းမှ ဆွဲထုက်ပေးခဲ့သည်။


အမျိုးသမီးဖြစ်သူမှာ နေရာတွင် သေဆုံးသွားခဲ့ပါသည်။ နောက်ခန်းတွင် ပါရှိသော ကျားတစ်ဦး ရှေ့ခန်းတွင် မတစ်ဦး ကျားတစ်ဦး ပေါင်းလူနာ သုံးဦးအား ပုလဲ အရန်မီးသတ် တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ရကြောင်း သိရပါသည်။

မီးသတ်ညီညီ (ပုလဲအရန်မီးသတ်တပ်ဖွဲ့)

No comments: