Saturday, August 6, 2016

"မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာအနီးတွင် KIAသောင်းကြမ်းသူများထောင်ထားသော မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံရှမ်းနီ သုံးဦးသေဆုံး" ****************************************************************


သြဂုတ် ၅ ၊ မိုးကောင်း

မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာ၏ အရှေ့ဘက်ခြမ်း ဆွမ်လဲယနန် ရွာအ၀င်တွင် သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မြေမြုပ်မိုင်း
ပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ ဒေသခံ သုံးဦး
သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ
ကျန်အောင် ( ၂၈ နှစ် ၊ အဖအမည် - ဦးလှမောင် ၊ ရှမ်းနီ ) ၊
ချမ်းအေး ( ၂၁ နှစ် ၊ အဖအမည် - ဦးမောင်ထွေး ၊ ရှမ်းနီ )
တို့သည် ဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၊ အောင်မင်းဝေ ( ၂၀ နှစ် ။ အဖအမည် - ဦးညွန့်အောင် ၊ ရှမ်းနီ ) သည် ညနေ ၆ နာရီ အချိန်တွင်
သေဆုံးခဲ့ခြင်းဖြစ်သည် ။
ထိုသေဆုံးသူများသည် နေ့လည် သြဂုတ်လ ၈ ရက်နေ့ နံနက် ၂ နာရီမှသာ
ဆားမှော်တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဆရာဝန်စစ်ဆေးချက်အတည်ပြုမှုများပြုလုပ်နေကြောင်း ဆားမှော်ဒေသခံများ ထံမှ သိရသည် ။
မိုးကောင်းမြို့ နယ်အတွင်းတွင် မိုင်းပေါက်ကွဲမှုများသည် တစ်လအတွင်း
သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထောင်မိုင်းများလည်း အဆက်မပြတ်တွေ့ရှိနေကြောင်း သိရသည် ။

ပေါက်ကွဲသောမိုင်းများကို သက်ဆိုင်ရာမှ စစ်ဆေးကြည့်ရာ KIAလက်နက်ကိုင်များ၏ လုပ်လက်မိုင်းများဖြစ်နေပြီး ရှမ်းနီများ၏ လယ်တောထဲတွင် မြုပ်နှံထားခြင်းဖြစ်သည်။ မပေါက်ကွဲသေးသော မိုင်း၂လုံးကိုလဲ တူးဖော်ရရှိခဲ့ကြောင်း သိရသည်။

အဒေါဖ့်ဟစ်တလာ

No comments: