| မန်ဘိဂ်ျမြို့ကို ပြန်သိမ်းနိုင်ဖို့ နီးစပ်လာ |
အဲဒီ မန်ဘိဂ်ျမြို့ကို ကာ့ဒ်နဲ့ အာရပ် လက်နက်ကိုင်တွေက သတင်းပတ်များစွာ ထိုးစစ်ဆင် နေခဲ့ရာမှာ အခု မြို့တွင်းလမ်းတွေမှာပါ တိုက်ခိုက် နေကြပါတယ်။ အဲဒီ ဒေသကို စောင့်ကြည့်နေတဲ့ အဖွဲ့တွေရဲ့ အဆိုအရ အိုင်အက်စ် စစ်သွေးကြွ တချို့မြို့လည်နဲ့ မြို့မြောက်ဘက်ခြမ်းက အစွန်အဖျား ဒေသတွေမှာ ကျန်နေသေးပြီး ခုခံနေဆဲ ဖြစ်ပါတယ်။
မန်ဘိဂ်ျ မြို့ဟာ တူရကီ နယ်စပ်နဲ့လည်း နီးကပ်သလို လမ်းပမ်း အချက်အခြာဖြစ်လို့ အဲဒီမြို့သာ ကျသွားခဲ့ရင် အိုင်အက်စ်တွေ အတော် အထိနာသွားမှာ ဖြစ်ပါတယ်။
No comments:
Post a Comment